သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရွေးကောက်ပွဲ အတိုက်အခံ LDP ပါတီ အနိုင်ရ


ရွေးကောက်ပွဲအနိုင်ရ ဂျပန် အတိုက်အခံ၊ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် Shinzo Abe။ (ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
ရွေးကောက်ပွဲအနိုင်ရ ဂျပန် အတိုက်အခံ၊ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် Shinzo Abe။ (ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
ဂျပန်နိုင်ငံမှာ ၃ နှစ်ကြာ အတိုက်အခံအဖြစ် ရပ်တည်နေခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဟာ တနင်္ဂနွေနေ့က လွှတ်တော် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့အတွက် အစိုးရအာဏာ ပြန်လည်ရရှိတော့မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်နေရာ ၄၈၀ ရှိတဲ့ အောက်လွှတ်တော်မှာ ဝန်ကြီးချုပ်ဟောင်း Shinzo Abe ဦးဆောင်တဲ့ LDP ပါတီက ၂၉၃ နေရာ၊ မဟာမိတ်ဖြစ်တဲ့ New Komeito ပါတီက ၃၁ နေရာ ရရှိခဲ့ကြောင်း ဂျပန်သတင်းဌာန NHK က ကြေညာခဲ့တာပါ။ အောက်လွှတ်တော်ရဲ့ ၃ ပုံ ၂ ပုံကို လူများစုအဖြစ် ရမှာဖြစ်တဲ့ အတွက်လည်း လက်ရှိ အာဏာရ ဒီမိုကရက်တစ်ပါတီက အများစုအဖြစ် ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ကို ကြိုးကိုင်နိုင်မယ့် အခြေအနေကို ရရှိတော့မှာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Yushihiko Noda ဦးဆောင်တဲ့ ဒီမိုကရက်တစ် ပါတီကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မှာ ၅၇ နေရာသာ ရခဲ့တဲ့နောက် ပါတီအနေနဲ့ လူထုရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်ဘူး ဆိုပြီး ဝန်ကြီးချုပ်က ပါတီဝန်ကြီးချုပ် တာဝန်က နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။ အနိုင်ရပါတီရဲ့ ခေါင်းဆောင်ကတော့ ၃ နှစ်ကြာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေကို လူထုက ဆန့်ကျင်ကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကတော့ အနိုင်ရပါတီခေါင်းဆောင်ကို အောင်မြင်မှုအတွက် ချီးကျူးစကား ပြောခဲ့ပြီး ဂျပန်အစိုးရသစ်နဲ့ ရင်းရင်းနှီးနှီး ဆက်လက်လက်တွဲ သွားဖို့ မျှော်လင့်ကြောင်း ပြောလိုက်ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံကြား ဆက်ဆံရေးဟာ ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး အတွက် အဓိကအခန်းကဏ္ဍမှာ ရှိနေတဲ့ အကြောင်းလည်း သမ္မတက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
XS
SM
MD
LG