သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ


အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Amr (ဝဲ)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry (လယ်) နဲ့ အီဂျစ်သမ္မတ Morsi တို့ ကိုင်ရိုမြို့မှာတွေ့ဆုံစဉ်။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Amr (ဝဲ)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Kerry (လယ်) နဲ့ အီဂျစ်သမ္မတ Morsi တို့ ကိုင်ရိုမြို့မှာတွေ့ဆုံစဉ်။ (မတ်လ ၃ ရက်၊ ၂၀၁၃)။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် ဒေါ်လာ သန်း ၄၅၀ ပေးမယ့် အစီအစီအစဉ်ထဲက ဒေါ်လာသန်း ၁၉၀ ကို အမေရိကန်က ချက်ချင်းပေးမှာဖြစ်တယ်လို့ အီဂျစ်ကို
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးရောက်ရှိခဲ့တဲ့ ဝန်ကြီး ကယ်ရီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံက စွန့်ဦးတီထွင်သူတွေနဲ့ လူငယ်တွေကို အားပေးကူညီဖို့ အမေရိကန်အစိုးရ က နောက်ထပ် သန်း ၆၀ ထောက်ပံ့မယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ ဘဘောထားကွဲမှုတွေ ကြီးကြီးမားမားရှိနေတဲ့ အီဂျစ်နိုင်ငံ တည်ငြိမ်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပါမယ်လို့ သမ္မတမော်စီက အာမခံခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာ ၄.၈ ဘီလျံ အကူအညီပေးရေးအတွက် လနဲ့ချီ သဘောတူမှု မရနိုင်သေးတာကို အပြီးသတ် သဘောတူညီမှုရရှိအောင်လုပ်ပါမယ်လို့လည်း အီဂျစ်သမ္မတ မော်စီက ကတိပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းတုန်းကတော့ ကိုင်ရိုမြို့လယ်က Tahrir ရင်ပြင်မှာ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား အထိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မတည်ငြိမ်သေးတဲ့ Port Said မြို့မှာလည်း အလားတူ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။
XS
SM
MD
LG