သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့ ဂျွန်ကယ်ရီကိုတိုက်တွန်း


တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry လာရောက်တဲ့အခါ အတိုက်အခံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို အလေး ထားဆွေးနွေး လိမ့်မယ်ဆိုတဲ့ မြှော်လင့်ချက်တွေကို အခုနောက်ဆုံး မြောက်ကိုရီးယား အရေး ဆွေးနွေးမှုတွေ လွှမ်းမိုးသွားလိမ့်မယ်လို့ ယူဆရပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေ ဆောင် ရွက်နေပြီး တခြား နိုင်ငံတကာ ပြဿနာတွေနဲ့ အတူ မြောက်ကိုရီးယား ပြဿနာ အတွက် တရုတ်နိုင်ငံရဲ့ ကူညီဆောင်ရွက်မှုတွေကို ဦးစားပေး ရှာဖွေမယ်ဆိုရင် လူ့အခွင့်အရေး ပြဿနာတွေကို လျစ်လျူရှုမှာ စိုးတယ်လို့ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့ Amnesty International နဲ့ နယ်စည်းမထား သတင်းသမားများအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများက စိုးရိမ် ပူပန်နေကြောင်း စာရေးသားပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေတိုးတက်လာဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို အရေးယူဆောင်ရွက်မှု မလုပ်သမျှ ကာလပတ်လုံး လူ့အခွင့်အရေးအတွက် ဖိအားပေးမှုတွေကို ရင်ဆိုင်နေရမှာဖြစ်တယ်လို့ အဲဒီစာက ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ ပြည်တွင်းက သဘောထား မတူသူတွေနဲ့ ဝေဖန်သူတွေကို အရေးယူအပြစ်ပေးမှု၊ တိဘက်နဲ့ရှင်ကျန်းမှာ လူ့အဖွဲ့အစည်းတွေကို ဖိနှိပ်တဲ့ မူဝါဒတွေနဲ့ အင်တာနက်အပါအဝင် လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်တွေကို ကန့်သတ် ထိန်းချုပ်မှုတွေ လုပ်ခဲ့တယ်လို့ အဲဒီစာက ဝေဖန်ပါတယ်။

တရုတ်နိုင်ငံဟာ ပြည်တွင်းပြည်ပ မူဝါဒတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေကို လိုက်နာကျင့်သုံးမှု ရှိမရှိဆိုတဲ့ အချက်အပေါ် အမေရိကန် တရုတ် နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေး မူတည်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသဖို့ ဝန်ကြီး John Kerry ရဲ့ ခရီးစဉ်က အရေးပါတဲ့အခန်းမှာ ရှိတယ်လို့လည်း အဲဒီစာမှာ ဖော်ပြပါတယ်။
XS
SM
MD
LG