သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနှစ်သစ်မှာ ငြိမ်းချမ်းဖို့ အမေရိကန်ဆုတောင်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
မြန်မာပြည်သူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူး သင်္ကြန်အခါ သမယ ဖြစ်ပါစေလို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အမေရိကန် ပြည်သူတွေ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry က နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အခုလို နှစ်သစ်ကူးအချိန်အခါသမယမှာ မိသားစုတွေနဲ့အတူ မြန်မာပြည်သူတွေ အားလုံး ငြိမ်းချမ်၊ လုံခြုံမှုရှိပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးဖြစ်ပါစေလို့ အမေရိကန်ပြည်သူတွေက ဆုမွန်ကောင်းတောင်းတဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူအတော်များများက သင်္ကြန်အတွင်း လုံခြုံရေးအပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်နေတာပါ။

ဒီကနေ့ကနေ စတင်တဲ့ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်နဲ့ တခြား မြို့တွေ မှာ လုံခြုံရေးကို အထူး တင်းကြပ်ထားတယ်လို့ မြန်မာ အာဏာပိုင်တွေက ပြော ပါတယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံဖို့အတွက် ပြည်သူတဦးချင်းစီမှာလည်း လုံခြုံရေး အသိရှိဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အားကို ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆ တိုးချဲ့ထားပြီး သင်္ကြန်အတွင်း တုတ်၊ ဒါးလက်နက် ကိုင်ဆောင်တာတွေ ကို တွေ့ရင်လည်း အရေးယူသွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဆိုထားပါတယ်။
XS
SM
MD
LG