သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်မှူးလွတ်မြောက်ရေး ဂျော်ဒန်ဘုရင် အစွမ်းကုန်ကြိုးစားမည်


ှုIS စစ်သွေးကြွတွေ ဖမ်းဆီးခံထားရသူ ဂျော်ဒန်လေယာဉ်မှူး Muath al-Kaseasbeh ရဲ့ဖခင် Safi al-Kaseasbeh (ဗဟို) အား သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၁၊ ၂၀၁၅)
ှုIS စစ်သွေးကြွတွေ ဖမ်းဆီးခံထားရသူ ဂျော်ဒန်လေယာဉ်မှူး Muath al-Kaseasbeh ရဲ့ဖခင် Safi al-Kaseasbeh (ဗဟို) အား သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၁၊ ၂၀၁၅)

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို ကယ်ဆယ်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်တာတွေမှန်သမျှ လုပ်ပေးမှာ ဖြစ်ကြောင်း ဂျော်ဒန်ဘုရင် Abdullah II က ပြောလိုက်ပါတယ်။ သူရဲကောင်း တိုက်လေယာဉ်မှူး Muath al-Kaseabeh ကို ပြန်လွှတ်ပေးဖို့ ဂျော်ဒန်နိုင်ငံအနေနဲ့ လုပ်ပေးနိုင်တဲ့ နည်းလမ်းမှန်သမျှ အသုံးပြုဖို့ ဂျော်ဒန်ဘုရင်က တနင်္ဂနွေနေ့မှာပြောလိုက်တာပါ။

ဂျော်ဒန်အစိုးရက လေယာဉ်မှူး Mu'ath al-Kasaesbeh အသက်ရှင်လျှက် ရှိသေးတယ်ဆိုတဲ့ အထောက်အထားပြနိုင်ရင် ဂျော်ဒန်နိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အီရတ်အမျိုးသမီး Sajida al-Rishawi ကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ထပ်မံကမ်းလှမ်းလိုက်ပါတယ်။ စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဂျပန်လူမျိုးသတင်းထောက်ကို ခေါင်းဖြတ်သတ်လိုက်ပြီးတဲ့နောက်မှာ အခုလို ဆောင်ရွက်ချက်အသစ်တွေ ထွက်ပေါ်လာတာပါ။

လေယာဉ်မှူးရဲ့ဖခင်ကတော့ သူ့သားဘယ်လိုအခြေအနေမှာ ရောက်နေတယ်ဆိုတာ မိသားစုက မသိရကြောင်းနဲ့ သူ့အနေနဲ့ သားပျောက်ဖခင်တယောက် ခံစားနေရတဲ့သောကမျိုး ခံစားနေရကြောင်းပြောပါတယ်။

သူ့သားကို အမြန်ဆုံး ကယ်တင်ပေးကြပါလို့ ဂျော်ဒန်ဘုရင်၊ အစိုးရနဲ့ ထောက်လှမ်းရေးအကြီးအကဲတို့ကို တောင်းဆိုကြောင်းလည်း ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ IS အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေက အီရတ် ရဲအရာရှိတယောက်နဲ့ စစ်သားနှစ်ယောက်ကို ခေါင်းဖြတ်သတ်လိုက်တဲ့ ဓာတ်ပုံတွေကို အင်တာနက်ပေါ်ကနေ ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG