သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားခရီးစဉ် နဲ့ မြန်မာ့အခွင့်အလမ်း


အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Joseph Crowley
အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Joseph Crowley
အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Joseph Crowley က - သမ္မတအိုဘားမား မြန်မာနိုင်ငံကို သွားရောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ သမ္မတရဲ့ ဒီခရီးစဉ်ဟာ - မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး အထောက်အပံ့အတွက် ၊ အရေးကြီးဆုံး ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် ၊ ဆက်လက်လုပ်ဆောင်စရာတွေလည်း အများကြီးရှိနေပါသေးတယ်၊ နိုင်ငံရေးအကျဉ်းသား အများအပြားကျန်ရှိနေသေးပြီး၊ တိုင်းရင်းသားဒေသတွင်း အကြမ်းဖက်ဆူပူမှုတွေကို ရပ်ဆိုင်းဖို့လိုအပ်နေပါတယ်။

လိုအပ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အားလုံး ဖြစ်ထွန်းနေတာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အခု သမ္မတရဲ့ ခရီးစဉ်ဟာ ဒီလိုအရေးကြီးတဲ့ ပြဿနာတွေကို ဆက်လက်ဖြေရှင်းဖို့ မြန်မာနိုင်ငံ အစိုးရအတွက် အခွင့်အရေးတရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မစ္စတာ ခရိုလီဟာ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ပထမဦးဆုံး တရားဝင် သွားရောက်ခဲ့တဲ့ အောက်လွှတ်တော်အမတ်တဦးဖြစ်ပါတယ်။
XS
SM
MD
LG