သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှု ငွေရတုအထိမ်းအမှတ်


၁၉၈၈ လူထုလှုပ်ရှားမှု ရန်ကုန်မြို့က မြင်ကွင်းတစ်ခု။ (စက်တင်ဘာလ ၁၉၈၈)
၁၉၈၈ လူထုလှုပ်ရှားမှု ရန်ကုန်မြို့က မြင်ကွင်းတစ်ခု။ (စက်တင်ဘာလ ၁၉၈၈)
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး မစတင်ခင် ဇွန်လမှာဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ဒီကနေ့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ၁၉၈၈ မတ်လမှာစတင်ခဲ့တဲ့ ကိုဖုန်းမော်အရေးအခင်း ကနေ ၁၉၈၈ လူထုအုံကြွမှုကြီးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့အတွက် ဇွန်လ အရေးအခင်းဟာ အရေးပါတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ အခမ်းအနားမှာ ပြောကြပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဖြစ်ခဲ့တဲ့ ကျောင်းသားဆန္ဒပြမှုတခုမှာ စက်မှုကျောင်းသား ကိုဖုန်းမော်ကို လုံထိန်းရဲတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ် အဲဒီကနေ ကျောင်းသားလှုပ်ရှားမှုတွေဟာ ရန်ကုန်တက္ကသိုလ်အထိ ကူးစက်ခဲ့တာကြောင့် တက္ကသိုလ်တွေ အပိတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၈၈ ဇွန်လဆန်းမှာ တက္ကသိုလ်တွေ ပြန်ဖွင့်တဲ့အခါ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ပင်မမှာစုဝေးပြီး အဲဒီအချိန်က တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လကုန်ပိုင်းမှာ တက္ကသိုလ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပေမဲ့ ကျောင်းသားလှုပ်ရှားမှုတွေဟာ ရပ်တံ့ မသွားခဲ့ဘဲ ၁၉၈၈ သြဂုတ်လ ရောက်တဲ့အခါမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈ လေးလုံး လူထုအုံကြွမှုကြီးအသွင် စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ၁၉၈၈ ဇွန်လ အရေးအခင်း ငွေရတု အခမ်းအနားကို အဲဒီအချိန်တုန်းက ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG