အကျဉ်းသား ၅၁၄ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးရာမှာ အခု ရရှိတဲ့ နောက်ဆုံး သတင်း အရတော့ နိုင်ငံရေးအကျဉ်းသားပေါင်း ၉၀ နီးပါး ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်သွယ် မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး သာယာဝတီ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား သုံးဦး ပထမဆုံး ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရရှိတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကြည်လွင်ကပြောပြပါတယ်။
“ကျနော် သာယာဝတီကို ဆက်ကြည့်သလောက်တော့ သုံးယောက်လွတ်ပြီလို့ သိရတယ်။ ဖြူလေးခေါ် ရန်နိုင်ထွန်း၊ ညဏ်ထွန်း (လပွတ္တာ)၊ မောင်မောင်သန်းရွှေ”
နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က ကိုဘမျိုးသိန်းကတော့ လွတ်မြောက် လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုးဆယ်ကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိတယ်လို့ ဆိုပါတယ်။
“ မန္တလေး ၄၇ယောက်ထဲမှာ သံဃာ ၂၂ပါး၊ ပါတယ်ပေါ့လေ။ အဲ့ဒီ့သံဃာတွေက ၂၀၀၃ခုနှစ်တုန်းက ကျောက်ဆည်အရေးအခင်းမှာ ပါတဲ့သံဃာတွေဖြစ်ပါတယ်။ နောက်ထပ် ထပ်ပြီးတော့ အင်းစိန်က ၈ယောက်လို့ ကြားပါတယ်။ တောင်ကြီးက ဦးရွှေထူးနဲ့ နောက်တယောက်ပေါ့။ ၁၇ ၁ထဲက နောက်တယောက် ထပ်တိုးပါတယ်။
ကျနော်ထပ်ပြီး ကွန်ဖမ်းလုပ်လို့ရတာက သာယာဝတီက သုံးယောက်ပေါ့လေ။ တယောက်က ရန်နိုင်ထွန်းခေါ် ဖြူလေးရယ်။ ကိုညဏ်ထွန်းရယ်။ ကိုမောင်မောင်သန်းရွှေရယ်။ သုံးယောက်ပေါ့လေ။ နောက် ပဲခူးထောင်က ဇင်မင်းအောင်။ ဇင်မင်းအောင်က Generation Wave ကပါ။ သူတို့အမူတွဲမှာ သူတယောက်တည်းပဲ ကျန်ပါတော့တယ်။
အားလုံး ကျနော်တို့ ရသလောက် စာရင်းအရဆိုရင် ၈၈ယောက် ကိုးဆယ်လောက် ရပါတယ်။ လောလောဆယ်ပေါ့လေ။ ကျနော်တို့ လိုက်ပြီးတော့ အတည်ပြုမေးမြန်းနေတုန်းပါပဲ။ ဒါကတော့ သက်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရပါတယ်။"
တခြားအကျဉ်းထောင်တွေက ပြန်လွတ်လာသူတွေနဲ့ပတ်သက်ပြီး ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ပြောပါတယ်။