ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အောင်ရာရွာကို ဝင်ရောက်လာတဲ့ အစိုးရစစ်တပ် ယာဉ်တန်းက ရွာအတွင်းကို ဝင်လာချိန်မှာ အရပ်သူအရပ်သားတွေနဲ့ နေအိမ်တွေကို ပစ်ခတ်ခဲ့တာကြောင့် အနည်း ဆုံး လူ သုံးယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF က ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဒီပစ်ခတ်မှုဟာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်လို့ ပစ်ခတ်တာမဟုတ်ဘဲ အကြောင်းမဲ့သက်သက် ရွာအတွင်းကို ပစ်ခတ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မိုးရာသီကုန်ဆုံးပြီး ခြောက်သွေ့ရာသီစတင်ချိန်မှာ ကချင်ပြည်နယ်အတွင်းမှာ အစိုးရဘက်က တပ် အင်အား ဖြည့်တင်းတာတွေ ရှိလာသလို တိုက်ပွဲတွေလည်း ပိုပြင်းထန်လာတယ်လို့ ကချင်လွတ်လပ်ရေး အဖွဲ့ဘက်က ပြောဆိုနေချိန်မှာပဲ ဖားကန့်မြို့နယ်၊ အောင်ရာရွာမှာ ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အရပ်သူအရပ်သားတွေကို ပစ်ခတ်ခဲ့တဲ့အခြေအနေကိုတော့ အဲဒီရွာကို ရောက်ရှိနေတဲ့ NDF ပါတီက ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။
“မနေ့က ၁၂ နာရီလောက် ကလေးတွေ ကျောင်းဆင်းတဲ့အချိန်လောက်မှာပေါ့။ စစ်တပ်က ယာဉ်တန်းက အစီး၂၀ လောက်တက်လာတယ်။ ဒီကားပေါ်ကနေ အသားလွတ် ဒရွတ်တိုက် ပစ်သွားတာပေါ့နော်။ ဘာ ရန်သူမှမလည်း မရှိဘူး ရွာကို။ အခု အိမ်တွေမှာ ခေါင်မိုးတွေ၊ ဘုရားကျောင်းရဲ့ ခေါင်မိုးတွေလည်း အကုန်လုံး ပေါက်ပြဲပြီးတော့ အိမ်တိုင်တွေကလည်း အကုန် သေနတ်ဒဏ်ရာတွေချည်းပဲ။ ရွာကနေ လမ်းလျှောက်သွားတဲ့ လူတွေကိုလည်း ပစ်သတ် သွားတယ်ပေါ့နော်။ သေဆုံးတာလည်း ကလေးတွေလည်း သေတယ်။ ကလေးလေး တယောက်က ပေါင်ကျိုးသွားတယ်။ ဒါက ၆ နှစ် ကျောင်းသားလေး။ ဆေးရုံသွားတဲ့လမ်းမှာ ဆေးရုံ မရောက်ခင် သေသွားတယ်။ လောလောဆယ်သိရတာ သေတာက ၃ ယောက်။ ဒဏ်ရာရတဲ့လူကလည်း ၄ ယောက် လောက် ရှိတယ်ကြားရတာပေါ့နော်။”
သေဆုံးသူတွေကတော့ အသက် ၄၁ နှစ်အရွယ် ဦးကွန်းထပ်နော်၊ အသက် ၆ နှစ်အရွယ် ဖိုးချစ်နဲ့ အမျိုးသမီး တယောက်ဖြစ်ပြီး သေဆုံးသူအမျိုးသမီးကိုတော့ သေချာမသိရသေးဘူးလို့ ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အောင်ရာရွာက အုပ်ချုပ်ရေးမှုးကို ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ခေါ်ဆိုလို့ မရပါဘူး။
ဖားကန့်၊ တနိုင်းနဲ့ ဟူးကောင်းဒေသမှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်မှူး တယောက်ကတော့ မနေ့က ဖားကန့်ကနေ တနိုင်းအသွား လီဒိုလမ်းမပေါ်က ဒွန်ဘန်နဲ့ နောင်းနီကျေး ရွာ အကြားမှာ အစိုးတပ်နဲ့ KIA တပ်ရင်း ၁၄ အကြား တိုက်ပွဲတကြိမ်၊ အောင်ရာရွာနဲ့ ရှဒူဇွပ်ကျေးရွာ အကြားမှာ တိုက်ပွဲတကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီလိုတိုက်ပွဲဖြစ်ပြီး ဆက်လက်ချီတက်သွားတဲ့ ကား အစင်း ၄၀ ကျော်ပါတဲ့ အစိုးရတပ်ယာဉ်တန်းက ရှဒူဇွပ်နဲ့ အောင်ရာရွာဖက်အရောက်မှာ လမ်းမှာသွားနေတဲ့ အမျိုးသားတယောက်ကို ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတယောက်နဲ့ ကလေးတယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားရကြောင်း ဆက်ပြောပါတယ်။
ဒီလို ပစ်ခတ်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ၅ မိုင်ကျော်လောက်ကွာဝေးတယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာတော့ ဒီရိက္ခာနဲ့ လက်နက်တွေတင်ဆောင်လာတဲ့ အစိုးရတပ်ယာဉ်တန်းက ကားအစင်း ၃၀ ကျော်ဟာ တနိုင်းမြို့ကို ဝင်ရောက်သွားပြီဖြစ်တယ်လို့လည်း KIA တပ်မှူးက ပြောပါတယ်။
ဖားကန့်နဲ့ တနိုင်းအကြား လီဒိုလမ်းမပေါ်မှာ အခုလို တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာ မနေ့က ရထားလမ်းမှာ မိုင်းတလုံး ပေါက်ကွဲခဲ့ပါသေးတယ်။
“နေရာက မိုင်တိုင်နံပါတ် ၆၄၀ မျဉ်းစောင်း ၂၂ နဲ့ ၂၃ ကြားထဲပါ။ မိုးညှင်းနဲ့ နမ္မားဘူတာကြားပါ။ ပျက်စီးသွားတာ အရှေ့ဘက်သံလမ်း ၄ ပေခန့် ပြတ်သွာပါတယ်။ နောက် (ဇလီ)ဖားတုံး ၄ တုံး ကြေမွ ပျက်စီးသွားတယ်ခင်ဗျ။”
ဒါကတော့ မိုးညှင်းဘူတာက တာဝန်ကျ ဝန်ထမ်းတဦးပြောသွားတာဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းမှာ မိုင်းဗုံးပေါက်ကွဲတာကတော့ ည ၁၁ နာရီခွဲအချိန်ဖြစ်ပြီး ပြင်ဆင်ပြီးချိန် အထိ ၄ နာရီခွဲ ကျော်လောက် မီးရထား အသွားအလာတွေ ရပ်ဆိုင်းသွားခဲ့တယ်။ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
KIA နဲ့ အစိုးရတပ်အကြား ပြီးခဲ့တဲ့နှစ် ဇွန်လက အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့တဲ့နောက်မှာ မန္တလေး- မြစ်ကြီးနား ရထားလမ်းမှာ ဒီလို မကြာခန မိုင်းဗုံးပေါက်ကွဲတာတွေ ရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဝိုင်းမော်နဲ့ ဆဒုံးဒေသဘက်တွေမှာ အစိုးရဘက်က တပ်အင်အား တိုးချတာတွေ ရှိသလို တိုက်ပွဲတွေ လည်း ဆက်တိုက်ဖြစ်နေတယ်လို့ KIO ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ တနှစ်ကျော်ကာလအတွင်းမှာတော့ အစိုးရနဲ့ KIO ကိုယ်စားလှယ်တွေဟာ အပစ်အခတ်ရပ်စဲဖို့အတွက် အနည်းဆုံး ဆယ်ကြိမ်လောက် တွေ့ ဆုံဆွေးနွေးခဲ့ပေမဲ့ ဒီနေ့ထိတော့ တိကျတဲ့သဘောတူညီချက် မရသေးပါဘူး။ ဒီတိုက်ပွဲကာလ အတွင်းမှာတော့ ဒုက္ခသည်ပေါင်း တစ်သိန်းနီးပါးဟာ မိမိတို့ နေရပ်ရင်းကို စွန့်ခွာပြီး တရုတ်-မြန်မာ နယ်စပ်ဒေသနဲ့ ကချင်ပြည်နယ်က မြို့ကြီးတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်။