အနည်းဆုံးကုန်တင်ကား၁၀စီးပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင် စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီဒေသကို တနှစ်နီးပါး ကာလအတွင်း ပထမဆုံးရောက်ရှိသွားတဲ့ ကုလသမဂ္ဂရဲ့ ကူညီရေး ယာဉ်တန်းဖြစ်ပြီး လူ၃၀၀၀ကျော်အတွက် တလစာ အခြေခံ စားနပ်ရိက္ခာတွေ အပါအဝင် အိမ်ထောင်သုံးပစ္စည်းတွေနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင်တွေ ပါဝင်တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်အရေး ကူညီသူက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မိုးတွင်းကာလ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် တရုတ်မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာဒေသက အနည်းဆုံး ကုန်တင်ကား၁၀စီး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင်စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ အကျပ်အတည်း ရှိနေချိန်မှာပဲ ကုလသမဂ္ဂ ယာဉ်တန်းဟာ သောကြာနေ့ မနက်ပိုင်းက မိုင်ဂျာယန်က ဒုက္ခသည် စခန်းကို ရောက်ရှိသွားတာဖြစ်ပါတယ်။ ယာဉ်တန်းတွေ ဆိုက်ရောက်လာတာကိုတော့ ဝမ်ပေါင်နိန်ထွဲခေါ် ဒုက္ခ သည်ရေးရာ ကူညီရေး အဖွဲ့က တာဝန်ခံ မမေရီတောမ်က အခုလို အတည်ပြုပြော ပါတယ်။
“ဒီမနက် ဆယ်နာရီ ပတ်ဝန်းကျင်လောက်ရောက်ပါတယ်။ ကားကတော့ ဒီသူတို့ အဖွဲ့အစည်း လေးခုပေါ့နော်။ UNICEF၊ UNHCR၊ WFP UN ရယ်ပေါ့နော်။ UN ကားလေးစီးပေါ့။ ကုန်ကားတွေကတော့ ခြောက်စီးလား၊ ခုနှစ်စီးလားမသိဘူး။ သူတို့စခန်းတခုကို ဝင်ပို့ဖို့ လာတယ်။ အဓိကကတော့ WFP World Food Programme အနေနဲ့ Basic ပေါ့။ အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲပေါ့။ အဲ့တာပါတယ်။ နောက်တချို့ ပါတယ်။ ဒါပေမဲ့ အဲ့တာ အရေအတွက် နည်းတယ်။ အားလုံးအတွက်တော့။”
အခုလာရောက် ပို့ဆောင်တဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေက စခန်းတွင်းက လူ၃ထောင်ကျော်အတွက် တလစာဖြစ်တယ်လို့လည်း မမေရီတောမ်က ဆက်ပြောပါတယ်။
“အခုသူတို့လာတော့ စခန်းပေါ့နော်။ အဲ့ဒီ့ကမ့်ထဲမှာက IDP တွေရှိတယ်။ အကုန်လုံး ရွာပေါင်းကိုးဆယ်ကျော်က IDP ပေါ့။ အားလုံး ကျောင်းသားတွေ အပါအဝင် သုံးထောင် သုံးရာကျော် အဲ့ဒီ့မှာရှိတယ်။ အဲ့အရေအတွက်နဲ့ဆိုရင် တစ်လစာပေါ့။ တစ်လစာ ယူလာတယ်။ သူတို့က ဒီလိုပါပဲ။ လာတိုင်း တစ်လစာ၊ လာပေးသွားတယ်။”
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ တရုတ်မြန်မာ နယ်စပ်ဒေသ အတွင်းမှာ စခန်းပေါင်း ၃၀လောက်ရှိပြီး ဒုက္ခသည်ဦးရေကတော့ ၇သောင်းလောက် အထိ ရှိနေတာဖြစ်ပါတယ်။ ဒီ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကိုတော့ KIO ရဲ့ ဒုက္ခသည်ရေးရာတာဝန်ခံ ဦးဒွဲပီဆာက အခုလို ပြောပါတယ်။
“ လိုအပ်ချက်က အများကြီးရှိပါတယ်။ စားနပ်ရိက္ခာ၊ နောက် ကျောင်းသားတွေ အတွက် အစစအရာရာ၊ ကျောင်းသုံးစာအုပ်၊ ကျောင်းပရိဘောဂ၊ တော့ စာရွက် စာတမ်း အဲ့တာပေါ့။ မိုးတွင်းရောက်ပြီဆိုတော့၊ ရောဂါတွေလည်း ဌက်ဖျားရောဂါ တို့၊ ဝမ်းရောဂါတို့ဖြစ်တော့ ဆေးဝါးလည်းပဲ အများကြီးလိုပါတယ်။”
မိုင်ဂျာယန်ဒေသအတွင်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ကုလ သမဂ္ဂထောက်ပံ့ရေး ယာဉ်တန်း တကြိမ်ရောက် ခဲ့တာကြောင့် အခု တခေါက် ဟာ ရောက်တဲ့ယာဉ်တန်းဟာ တနှစ်နီးပါးကာလအတွင်း ပထမဆုံးရောက်တဲ့ ယာဉ်တန်းလည်းဖြစ်ပါတယ်။ အခုလို တနှစ်နီးပါးကြား မှ ထောက်ပံရေး ပစ္စည်းတွေ ပို့ဆောင်နိုင်တဲ့ အခြေအနေကိုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။
“ဒီနေရာတွေက နယ်မြေလုံခြုံရေး၊အတွက် အဓိက ထားတဲ့ နေရာတွေဖြစ် တယ်ပေါ့။ အဲ့တာကြောင့် ဒီလိုနေရာတွေ သွားဖို့ ဆိုတာက အစိုးရဖက် ကရော၊ ကေအိုင်အေ ကေအိုင်အိုဖက် ကရော၊ နှစ်ဦးနှစ်ဖက် သဘောတူမှ၊ နောက်ပြီး ဒီသွားတဲ့လမ်းကြောင်းမှာလည်း လုံခြုံရေးကလည်း အာမခံနိုင်မှပေါ့လေ။ အဲ့တာပြီးမှ သွားလို့ရတယ်ခင်ဗျ။ နောက်ပြီးတို့ ဒီ UNတို့ နောက် UN နဲ့ တွဲဖက်လုပ်တဲ့ အဖွဲ့အစည်းတွေက ဒီလို အကူအညီပေး တယ်ဆိုရင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေ ရှိတယ်။ ဒါက ဘာလဲဆိုလို့ရှိရင် လွတ်လပ်မှုရှိရမယ်။ ဘယ်ဘက်ကိုမှ မျက်နှာသာပေးခြင်းမရှိရဘူး။ နောက်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဓိက ထားလှူရမယ်။ ဒီအချက်တွေကို အဓိကထား ညှိနှိုင်းပြီး လုပ်ရပါတယ်ခင်ဗျ။ အဲ့ဒီ့တော့ ဒီလုံခြုံရေး ကိစ္စရော၊ ဒီအချက်တွေကရော၊ အကုန်လုံးကို အသေးစိတ်ဆွေးနွေးရတဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေ အကုန်သဘောတူညီချက်ရမှ ဒီကားတွေ ထွက်လို့ရပါတယ်ခင်ဗျ။”
လက်ရှိ ယာဉ်တန်းသွားနိုင်တာကလည်း ဒီအချက်တွေကို ညှိနှိုင်းအောင်မြင်ခဲ့ တာကြောင့်ဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။
ဒီနှစ်ဖေဖော်ဝါရီလ အတွင်းကတော့ ကုလသမဂ္ဂကူညီရေးယာဉ်တန်းဟာ ဖားကန့်ဒေသဖက်ကို သွားရောက်ပြီး ဒုက္ခသည်တွေကို အကူအညီ ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလအတွင်းက မိုင်ဂျာယန်ဒေသဖက်ကို သွားရောက်တဲ့ ယာဉ်တန်းကိုတော့ နိုင်ငံခြားသားတွေပါဝင်တာကြောင့် အာဏာပိုင်တွေက တားမြစ်ခဲ့ဖူးပါတယ်။