သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ရှ်မီးယားဒေသက အိန္ဒိယစစ်စခန်း တိုက်ခိုက်ခံရ


အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသက တပ်စခန်းတခုကို လက်နက်ကိုင်အများအပြား ဒီကနေ့ ဝင်တိုက်။
အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသက တပ်စခန်းတခုကို လက်နက်ကိုင်အများအပြား ဒီကနေ့ ဝင်တိုက်။

အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသက တပ်စခန်းတခုကို လက်နက်ကိုင်အများအပြား ဒီကနေ့ ဝင်တိုက်တာမှာ လက်နက် ကိုင် သုံးဦးနဲ့ နောက်ထပ် လူတယောက်ထက်မနည်း သေဆုံးသွားတယ်လို့ အိန္ဒိယစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကပြောပါ တယ်။ အိန္ဒိယနဲ့ပါကစ္စတန် ပိုင်နက်ကြားက လက်နက်အပြည့်အစုံနဲ့ စောင့်ကျပ်နေတဲ့ နယ်စပ်နားမှာ လက်နက်ကိုင်တွေက သေနတ်တွေ လက်ပစ်ဗုံးတွေသုံးပြီး တိုက်ခိုက်ကြတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ပထမတိုက်ခိုက်မှုပြီးတဲ့နောက်ဖြစ်တဲ့ ခြောက်နာရီကြာတိုက်ပွဲမှာ လက်နက်ကိုင်သုံးဦးနဲ့ အရပ်သားတဦး သေဆုံးတယ်လို့ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ အိန္ဒိယစစ်သားတယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ကက်ရှ်မီးယားဒေသဟာ လွတ်လပ်ရေး ဒါမှမဟုတ် ပါကစ္စတန်နဲ့ပေါင်းစည်းရေး တောင်းဆိုတိုက်ပွဲဝင်နေတဲ့ သူပုန်အဖွဲ့အများ အပြားရှိတဲ့ဒေသဖြစ်ပြီး အဲဒီမှာချထားတဲ့ အိန္ဒိယတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာပါ။

ဗြိတိသျှလက်အောက်ကနေ နှစ်နိုင်ငံ လွတ်လပ်ရေးရချိန်ကတည်းက ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်အကြား အငြင်းပွားနေတာ နှစ် ၇၀ လောက်ရှိနေပါပြီ။ နှစ်နိုင်ငံစလုံးကို ကက်ရှ်မီးယားဒေသကို အပြည့်အ၀ ပိုင်ဆိုင် တယ်လို့ပြောထားပေမဲ့ တပိုင်းစီကိုပဲ အုပ်ချုပ်ထားနိုင်တာပါ။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား စစ်ပွဲသုံးကြိမ်ဖြစ်ဖူးတာမှာ နှစ်ကြိမ်က ကက်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီး စစ်ဖြစ်တာပါ။

ပါကစ္စတန်နိုင်ငံဟာ သူ့မြေပေါ်မှာ အကြမ်းဖက်သမားတွေ လှုပ်ရှားခွင့်ပြုထားပြီး အကြမ်းဖက်ဝါဒကို အားပေးအားမြှောက် လုပ်နေတယ်လို့ အိန္ဒိယဘက်ကပြောပါတယ်။

XS
SM
MD
LG