သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ် ရွေးကောက်ပွဲ အခြေအနေ


ကယန်းတိုင်းရင်းသူတစ်ဦး ဆန္ဒမဲပေးအပြီးတွေ့ရစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅)
ကယန်းတိုင်းရင်းသူတစ်ဦး ဆန္ဒမဲပေးအပြီးတွေ့ရစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅)

ကယားပြည်နယ် ဘောလခဲဒေသက အများ စိတ်ဝင်စားနေကြတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံသတင်းထောက် ကိုစိုင်းလင်းလင်းဦးကို ရှားဖောင်က ဆက်သွယ်မေးမြန်းရာမှာ သူကအခုလိုပြောပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့၊ ကျနော် ဒီမနက်သွားတဲ့ အခြေအနေကတော့ သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဝင်ပြိုင်တဲ့ ဘော်လခဲမြို့နယ် ရွာသစ်မြို့နယ်ထဲက မဲရုံထဲက မဲရုံတစ်ရုံမှာပေါ့နော်။ မနက် ၆ နာရီကနေစလို့ မဲရုံဝန်ထမ်းတွေ ရောက်နေကြတာပေါ့နော်။ ရောက်နေကြပြီးတော့ ၆ နာရီထိုးတာနဲ့ သူတို့က ပါတီတွေရဲ့စောင့်ကြည့်တွေ ခေါ်တယ်။ ပြီးတော့ ကျနော်တို့ သတင်းမီဒီယာတွေလည်း ဝင်ပြီးတော့ ဓာတ်ပုံ မှတ်တမ်းယူတယ် ပေါ့နော်။ အဲ့မှာ မဲပုံးတွေ သူတို့ဖွင့်ပြတယ်။ ပြီးတော့ လုံခြုံရေးကြိုးတွေ တပ်တယ်ပေါ့နော်။ ပြီးတော့ သိပ်မကြာဘူး၊ မဲလာပေးတဲ့လူတွေ မဲပေးနေကြတယ်ပေါ့နော်။

မေး။ ။ မဲလာပေးတဲ့လူရော များလားရှင်။ ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းရလဲရှင့်။

ဖြေ။ ။ ဟုတ်။ မဲလာပေးတဲ့လူက အဲဒီဘက်က လူဦးရေနည်းတော့ မဲလာပေးတဲ့ လူဦးရေ ဘယ်လောက်မှ မရှိဘူး။၅ဝဝ ပတ်ဝန်းကျင် ၆ဝဝ ပတ်ဝန်းကျင် အဲလောက်ပဲရှိမယ်။ နေ့လယ်လောက်ကိုတောင်မှ အားလုံးက မဲပေးပြီးသလောက်တော့ ရှိတာပေါ့နော်၊ ကျနော်တို့ ကယားမှာတော့။

မေး။ ။ ဆိုတော့ မဲပေးတဲ့ အချိန်မှာကော အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲလား။ ပြီးတော့ မဲပေးရတာရော လွတ်လွတ်လပ်လပ်ရှိရဲ့လားရှင်။

ဖြေ။ ။ ကျနော့် အတိုင်းအတာနဲ့ပြောရမယ်ဆိုရင် မဲပေးရတာ တည်တည်ငြိမ်ငြိမ်ပဲဗျ။ လွတ်လွတ်လပ်လပ် ပေးလို့ရတယ်။ အဟန့်အတားကလည်း ဘာမှ မကြုံတွေ့ရပါဘူး။

မေး။ ။ ဟို တချို့နေရာမှာ ဆိုလို့ရှိရင်လေ မဲရုံကိုရောက်ပြီး ဒါပေမယ့် နာမည်မပါတာတို့၊ ထောက်ခံစာမပါတာတို့ အဲလိုပုံစံမျိုးတွေရှိလို့ မဲမပေးခဲ့ရတဲ့ လူတွေရှိတာပေါ့နော်။ ဆိုတော့ ဒီဘောလခဲဘက်မှာရော အဲလိုအခြေအနေမျိုး ကြုံရတာရော တွေ့ရလားရှင်။

ဖြေ။ ။ သိသလောက်တော့ ဒီဘောလခဲမှာကတော့ တချို့လူတွေက မဲသက်သေခံလက်မှတ် ဆိုတဲ့ဟာ မပါကြဘူးပေါ့နော်။ ဒါပေမယ့် သူ့ဟာသူ မဲရုံရှေ့မှာ သူ့နာမည်စာရင်း မဲပေးပိုင်ခွင့်ရှိတဲ့ နာမည်စာရင်း သူတို့ ကပ်ထားပေးတယ်။ အဲမှာရှာပြီးတော့ သူတို့ နာမည်ရှာပြီးတော့ အမှတ်စဉ်တွေနဲ့ ကြည့်ပြီးတော့ သူတို့မဲလက်မှတ်ထုတ် ပြီးတော့ မဲပေးကြတာပေါ့နော်။ ဒါပေမယ့် ဒီကျနော်ဒီ ဘောလခဲ ခရိုင်ထဲမှာ ဒီမော်ချီဘက်မှာ ဆိုရင် မဲပုံစံ ၃ (က)နဲ့ လျှောက်ပြီးတော့ မပါလာတဲ့လူတွေလည်း ရှိတာပေါ့နော်။ အဲ့ဒါတွေ လျှောက်ထားပြီးတော့ မပါလာတော့ မဲပေးခွင့်မရတဲ့ လူတွေရှိတာပေါ့နော်။

မေး။ ။ ဆိုတော့ အခုအခြေအနေမှာပေါ့နော် ဒီဘောလခဲ ခရိုင်အပါအဝင် ကယားပြည်နယ်ဘက်မှာ ဘယ်ပါတီက အသာရနေတဲ့ အခြေအနေရော ခန့်မှန်းလို့ရလားရှင်။

ဖြေ ။ ။ အော်…အခုလက်ရှိအထိကတော့ ဒီကျနော့် ဘောလခဲခရိုင်ထဲမှာတော့ ဒီဘောလခဲမြို့မှာတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းဝင်ပြိုင်တဲ့ အမျိုးသားမဲဆန္ဒအမှတ် (၉) မှာတော့ သူကတော့ နိုင်ခြေများနေတယ်ပေါ့နော်။ သူ့မှာ မဲအများဆုံးရထားတယ်။ ပြီးတော့ ဘောလခဲမြို့မှာပဲ USDP ပေါ့နော် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေ တော်တော်များများတော့ မဲရထားကြပါတယ်။ အားလုံးထက် သာပြီးတော့ ပေါ့နော်။ တခြားပေါ့နော် ဒီကယားပြည်နယ်ထဲက ရှားတောတို့ဆိုတော့ NLD ကတော့ အသာရနေတယ်လို့ ကျနော် ကြားနေရတယ်ပေါ့နော်။ အခုချိန်ထိတော့ ဒီကျနော်တို့ ဆက်သွယ်ရတာ ဖုန်းလိုင်းမမိတဲ့နေရာလည်း ရှိတယ်ဆိုတော့ အဲဒါတွေဟာ အခုထိ ရလဒ် မသိရသေးဘူး။ တချို့နေရာတွေကတော့။

တသီးပုဂ္ဂလနေရာအဖြစ်နဲ့ အမျိုးသားလွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ရဲ့ မဲရမှတ် အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကန္တရဝတီထိုင်း(မ်) သတင်းထောက် စိုးစိုးမြာကတော့ အခုလိုပြောပြပါတယ်။

“ဦးအောင်မင်းက ရှားတောမြို့နယ် မဲဆန္ဒနယ်မှာ သူက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၇) မှာ ဝင်ပြိုင်တာပေါ့နော်။ အဲ့ဒီမှာ NLD က ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်စိုးကနေပြီးတော့ သူ့ကိုမဲရမှတ် (၁၄၁၉) မဲနဲ့ သူ့ကို နိုင်သွားတယ်ပေါ့နော်။ ဦးအောင်မင်းရဲ့ မဲခါတော့ (၇၅၈) ပဲ ရတယ်ရှင့်။ ဦးစိုးသိန်း ပြိုင်တဲ့နယ်က ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) ပေါ့။ သူ့ရဲ့ မဲရမှတ်က ဒီမှာ ဆိုရင် (၅ဝဝ) ထဲမှာ (၃ဝဝ) ကျော်က သူက နိုင်ထားတယ်ပေါ့နော်။ နောက်ပြီးတော့ အခုတွေ့နေတဲ့အချိန်မှာဆိုရင် မဲအရင်က ၃ ပုံ ပုံမှာ ၂ပုံလောက်က သူကအနိုင်ရရှိနေတယ်လို့ သိရတယ်ရှင်။”

XS
SM
MD
LG