သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာရွေးကောက်ပွဲ Kenyatta အနိုင်ရ

ကင်ညာရွေးကောက်ပွဲအနိုင်ရ Uhuru Kenyatta ထောက်ခံသူတွေကို လက်ပြနှုတ်ဆက်နေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
ကင်ညာရွေးကောက်ပွဲအနိုင်ရ Uhuru Kenyatta ထောက်ခံသူတွေကို လက်ပြနှုတ်ဆက်နေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
ကင်ညာနိုင်ငံမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲမှာ Uhuru Kenyatta က အပြည့်အ၀ အနိုင်ရသွားတယ်လို့ ကင်ညာရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာ လိုက်ပါတယ်။ မစ္စတာ Kenyatta က မဲ ၅၀.၀၇ ရာခိုင်နှုန်း ရရှိလို့ နောက်တကြော့ပြန် ရွေးကောက်ပွဲ ကျင်းပဖို့ မလိုတဲ့အရေအတွက် ရသွားတယ်လို့ လွတ်လပ်သော ရွေးကောက်ပွဲနဲ့ ဆီးရီးယားကော်မရှင်ဥက္ကဋ္ဌ Issack Hassan က စနေနေ့ကပဲ ပြောသွားပါတယ်။

မစ္စတာ Kenyatta ဟာ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ နိုင်ငံတကာက တရားစွဲထားသူဖြစ်ပါတယ်။ သူကတော့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ကင်ညာရဲ့ အချုပ်အချာ ပိုင်စိုးမှုနဲ့ ဒီမိုကရေစီနည်းကျ ဆန္ဒသဘောထားတွေကို လေးစားဖို့ တောင်းဆိုသွားပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်ဆောင်သွားပါမယ်လို့ ကတိပေးသွားပါတယ်။

ဝန်ကြီးချုပ် Raila Odinga ကတော့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာ မဲ ၄၃ ရာခိုင်နှုန်းကျော်နဲ့ ဒုတိယနေရာ ရရှိသွားတာပါ။ သူကလည်း ဒီရွေးကောက်ပွဲမှာ မဲမသာမှုတွေ အများကြီးရှိခဲ့တယ်လို့ စနေနေ့ကပြောခဲ့ပြီးတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG