သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာရွေးကောက်ပွဲရလဒ် တရားရုံးချုပ်အတည်ပြု


တရားသူကြီးချုပ် (တတိယ-ဘယ်) Willy Mutunga နဲ့ ကင်ညာတရားရုံးချုပ် တရားသူကြီးများ။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။
တရားသူကြီးချုပ် (တတိယ-ဘယ်) Willy Mutunga နဲ့ ကင်ညာတရားရုံးချုပ် တရားသူကြီးများ။ (မတ်လ ၃၀ ရက်၊ ၂၀၁၃)။
ကင်ညာနိုင်ငံမှာ မတ်လ ၄ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားဝင်တယ်လို့ ကင်ညာရဲ့တရားရုံးချုပ်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပြီးတော့ မစ္စတာ အူဟူရူကင်ညာတာ (Uhuru Kenyatta) က သမ္မတအဖြစ်နဲ့ အရွေးခံရတယ်ဆိုတာကို ထောက်ခံလိုက်ပါတယ်။

မစ္စတာ ကင်ညာတာ နဲ့ ဒုသမ္မတ ဝီလျံရူတို (William Ruto) တို့ဟာ တရားဝင် ရွေးကောက်ခံကြရ တာဖြစ်တယ်လို့ စနေနေ့ကပဲ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ကြောင်း တရားသူကြီးချုပ် ဝီလီမူတန်ဂါ (Willy Mutunga) က ပြောကြားသွားခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကျင်းပခဲ့တာဖြစ်တယ်လို့ မစ္စတာ မူတန်ဂါက ပြောကြားသွားတာပါ။

မတ်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်တဲ့ ရွေးကောက်ပွဲမှာ ဒုတိယနေရာရသူ ရိုင်လာအိုဒင်းဂါ (Raila Odinga) ကလည်း တရားရုံးရဲ့အမိန့်ကို လိုက်နာပါ့မယ်လို့ ကတိပြုပြီးတော့ မစ္စတာကင်ညာတာ အတွက် ဆုမွန်တောင်းပေးသွားခဲ့ပါတယ်။

နိုင်ရိုဘီမြို့တော်က တရားရုံးချုပ်အပြင်ဘက်မှာတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ မစ္စတာ အိုဒင်းဂါ ကို ထောက်ခံသူ ဒေါသထွက်နေတဲ့လူထုကို ရဲက မျက်ရည်ယိုဗုံးအသုံးပြုပြီးတော့ လူစုခွဲခဲ့ရပါတယ်။ မစ္စတာ အိုဒင်းဂါးရဲ့ အမာခံဒေသဖြစ်တဲ့ နိုင်ငံမြောက်ပိုင်း ကီဆူမူ (Kisumu) မြို့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
XS
SM
MD
LG