သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာကောလိပ် တိုက်ခိုက်မှု ၁၄၇ ဦးသေဆုံး


ကင်ညာတက္ကသိုလ် အကြမ်းဖက်စီးနင်းမှုဖြစ်ပွား။ (ဧပြီ ၂၊ ၂၀၁၅)
ကင်ညာတက္ကသိုလ် အကြမ်းဖက်စီးနင်းမှုဖြစ်ပွား။ (ဧပြီ ၂၊ ၂၀၁၅)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အရှေ့ဘက်အရပ်က တက္ကသိုလ်တခုမှာ တနေကုန် စီးနင်းတိုက်ခိုက်မှု အတွင်း အယ်ရှာဘတ် အစ္စလာမ်မစ် စစ်သွေးကြွ ၄ ယောက်နဲ့ လူပေါင်း ၁၄၇ ယောက် သေဆုံးပြီး၊ အဆုံးသတ်ခဲ့တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ကြာသပတေးနေ့က ဂရစ်ဆာတက္ကသိုလ် (Garissa) ကို အတင်းဝင်ရောက် စီးနင်းခဲ့ကြတဲ့ သေနတ်သမားတွေဟာ မြင်မြင်သမျှလူတွေကို ပစ်ခတ်ခဲ့ကြတယ်လို့ ရဲနဲ့ အသက်မသေ လွတ်မြောက်လာသူတွေက ပြောပြကြပါတယ်။

တိုက်ခိုက်သူတွေဟာ ခရစ်ယာန် ကျောင်းသားတွေကို မူဆလင်တွေနဲ့ သီးခြားခွဲထုတ်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့လည်း - ကျောင်းသား တချို့က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကတော့ တက္ကသိုလ်ဝင်းကို ဝိုင်းထားခဲ့ကြပြီး၊ ၁၅ နာရီကြာ စစ်သွေးကြွတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် - အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ပိတ်မိနေတဲ့ ကျောင်းသား ၅၀၀ ကျော်ကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

ပြည်ထဲရေးဝန်ကြီး ဂျိုးဇက် ခိုင်ဆရေး (Joseph Nkaissery) ကတော့ - သေနတ်သမားတွေဟာ ကိုယ်ပေါ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ ပတ်ထားပြီး၊ ရဲတွေက ပစ်ခတ်တဲ့အချိန်မှာ ဗုံးဖောက်ခွဲသလို အသေခံခဲ့ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG