သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးဆွေးနွေးဖို့ ဝန်ကြီးကယ်ရီ အာဖရိကရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ အာဖရိကဒေသတွင်း အစိုးရအရာရှိတွေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့နဲ့ အာဖရိကသမဂ္ဂ အနှစ် (၅၀) ပြည့်နှစ်ပတ်လည် အထိန်းအမှတ် အခမ်းအနား တက်ရောက်ဖို့ အတွက် Etithopia နိုင်ငံ ကို ရောက်ရှိနေပါတယ်။ ခရီးစဉ်အတွင်း မာလီနဲ့ နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း က အစ္စလာမ်အစွန်းရောက်တွေကို တိုက်ခိုက်ချေမှုန်းဖို့ အာဖရိကနဲ့ အနောက်နိုင်ငံတွေက ကြိုးပမ်းနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ သိပ်မကြာခင်က တွေ့ဆုံမှုအတွင်းမှာတော့ ဝန်ကြီးကယ်ရီက အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ နိုင်ဂျီးရီး ယားနိုင်ငံ မြောက်ပိုင်းက Boko Haram စစ်သွေးကြွတွေအပေါ် နိုင်ဂျီးရီးယား အစိုးရရဲ့ တိုက်ခိုက်မှုတွေကို အားပေးသွားမယ့်အကြောင်း ထပ်မံ အတည်ပြုပြောဆိုခဲ့ပါတယ်။

မာလီနိုင်ငံမှာတော့ နိုင်ငံမြောက်ပိုင်းကို သိမ်းယူထားတဲ့ အစ္စလာမ် လက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ပြင်သစ်တပ်ဖွဲ့တွေက အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ သုံးသပ်သူတွေကတော့ အမေရိကန်ဟာ ဒေသတွင်းတပ်ဖွဲ့တွေကို သောင်းကျန်းသူ ချေမုန်းရေး သင်တန်းတွေ ပေးပြီးကူညီသွားဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ အာဖရိကသမဂ္ဂ ရဲ့ အနှစ် (၅၀) ပြည့် အထိန်းအမှတ် ဆင်နွှဲဖို့ရှိတဲ့ အာဖရိကသမဂ္ဂ ထိပ်သီးစည်းဝေးပွဲကို အာဖရိက ခေါင်းဆောင်တွေ၊ တခြား ကမ္ဘာ့နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ စနေနေ့မှာ တက်ရောက်ဖို့ရှိပါတယ်။
XS
SM
MD
LG