သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးရဖို့ အစ္စရေးလ် ဖိအားပေးခံမည်မဟုတ်


အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu
ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်နိုင်ဖို့အတွက် သူတို့ အနေနဲ့ အတင်းအကြပ် အနိုင်ကျင့်တာမျိုးကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ အစ္စရေးလ်နိုင်ငံရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို သတိပေးလိုက်ပါတယ်။

ပါလက်စတိုင်းတွေနဲ့ငြိမ်းချမ်းရေးကိစ္စအောင်မြင်မှုမရဘူးဆိုရင် အစ္စရေးအနေနဲ့ နိုင်ငံတကာရဲ့ သပိတ်မှောက်ဆန့်ကျင်တာတွေကို ပိုပြီးတော့ ရင်ဆိုင်လာရဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သတိပေးလိုက်ပြီးတဲ့နောက် အစ္စရေးလ်ခေါင်းဆောင်တွေဘက်ကလည်း ဒေါသတကြီးတဲ့ တနင်္ဂနွေနေ့မှာ ပြန်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပါလက်စတိုင်းတွေကို အလျှော့ပေးရင်ပေး၊ မပေးရင် အဲဒီရဲ့အကျိုးဆက် ကြီးကြီးမားမားကို ခံရမယ်ဆိုတဲ့ ပြောဆိုချက်ဟာ တိုက်ရိုက်ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်လို့ ဂျေရုစလင်မြို့မှာ အပတ်စဉ်ပြုလုပ်တဲ့ အစ္စရေးအစိုးရအဖွဲ့ အစည်းအဝေးအတွင်း အစ္စရေးတာဝန်ရှိသူတွေက မှတ်ယူခဲ့ကြပါတယ်။

အစ္စရေးအပေါ် နိုင်ငံတကာက ဖိအားပေးနေတာတွေဟာ ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုကို ထိခိုက်စေကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုလုပ်တဲ့ အတွက် ပါလက်စတိုင်းတွေဟာ သူ့တို့ရဲ့ ရပ်တည်ချက်ကို အလျှော့မပေးတော့ဘဲ ပိုပြီးတော့ တင်းမာလာကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နာတန် ညာဟူးက ပြောပါတယ်။ အစ္စရေးလ်အပေါ်မှာ သပိတ်မှောက်ဖို့ ကြိုးပမ်းမှုတွေဟာ ကျင့်ဝတ်နဲ့မညီသလို တရားမျှတမှုလည်း မရှိဘူးလို့ သူကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဝန်ကြီးကယ်ရီရဲ့ ပြောဆိုချက် အပေါ်မှာ ရှင်းလင်းချက် ထုတ်ပြန်လိုက်ပြီး ဒါတွေဟာ လိုသလိုဆွဲပြီး ပြောထားတာလို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ဝန်ကြီး ကယ်ရီဟာ အစ္စရေးအပေါ် သပိတ်မှောက်လာမယ့်ကိစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်း၊ ဒါတွေဟာ သူများတွေက လုပ်လာမယ့်ကိစ္စကိုပဲ ပြောတာသာဖြစ်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG