သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်နဲ့ ဆွေးနွေးဖို့ အမေရိကန်နဲ့ အာဖဂန် သဘောထားတူညီ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ အာဖဂန်သမ္မတ ဟာမက်ခါဇိုင်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးနေစဉ် (၂၅ မတ် ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ အာဖဂန်သမ္မတ ဟာမက်ခါဇိုင်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးနေစဉ် (၂၅ မတ် ၂၀၁၃)
တာလီဘန် အကြမ်းဖက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မဟာမိတ် အာဖဂန်နိုင်ငံနဲ့ နားလည်သဘောတူမှုတွေ ရှိပါတယ်လို့ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက် ပါတယ်။

အာဖဂန်နိုင်ငံ Kabul မြို့တော်မှာ တနင်္လာနေ့က အာဖဂန်သမ္မတ ဟာမက် ခါဇိုင်း (Hamid Karzai) နဲ့အတူရှိနေစဉ်မှာ နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က အခုလို မှတ်ချက်ချ ခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အာဖဂန်နိုင်ငံကို တနင်္လာနေ့ အစောပိုင်း က လေယာဉ်နဲ့ ရောက်လာတာဖြစ်ပါတယ်။ တာလီဘန်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာဖို့ကလွဲလို့ အမေရိကန်က တခြား စိတ်ဝင်စားတဲ့အချက် မရှိဘူးဆိုတဲ့စကားကို အာဖဂန်သမ္မတ ဟာမက် ခါဇိုင်း (Hamid Karzai) က လက်မခံဘူးဆိုတာ သူယုံတယ်တယ်လို့ မစ္စတာ ကယ်ရီ က ပြောဆိုပါတယ်။

အာဖဂန်ကို ဆန့်ကျင်ပြီး အမေရိကန်နဲ့ တာလီဘန်တွေက လျို့ဝှက် ကြံစည်နေတယ် ဆိုတဲ့ ဒီလအစောပိုင်းက သတင်းတွေအပေါ် အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ NATO က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂဲလ် (Chuck Hagel) တာဝန်စထမ်းဆောင်ချိန် အာဖဂန်နိုင်ငံကို ပထမဆုံးအကြိမ် လာခဲ့စဉ်က အဲ့ဒီသတင်းတွေကို မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက် လုံခြုံရေး အကြောင်းပြချက်ကြောင့် သူတို့နှစ်ဦး ပူးတွဲသတင်းစာရှင်းပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒါပေမဲ့ တနင်္လာနေ့က အမေရိကန်နိုင်ငံက ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေထဲ က နောက်ဆုံးတယောက်ကို အာဖဂန်အစိုးရကို လွှဲပြောင်းပေးပြီးတဲ့နောက် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိပါတယ်လို့ သမ္မတ ခါဇိုင်း ကပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG