သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကယ်ရီ မကြေညာဘဲ အာဖဂန်ရောက်ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ အာဖဂန်သမ္မဆ ဟာမစ်ခါဇိုင်း တို့ တွေ့ဆုံစဉ် (၂၅ မတ် ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ အာဖဂန်သမ္မဆ ဟာမစ်ခါဇိုင်း တို့ တွေ့ဆုံစဉ် (၂၅ မတ် ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကြိုတင်ကြေညာခြင်းမရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံကို ရောက်ရှိသွားပါတယ်။ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် မစ္စတာ ဂျွန် ကယ်ရီ (John Kerry) ဟာ Kabul မြို့တော်ကို တနင်္လာနေ့မှာ ဆိုက်ရောက်သွားတာပါ။

လုံခြုံရေးကိစ္စနဲ့ နောက်နှစ် အာဖဂန်နစ္စတန်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်စရာရှိတာတွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်အကျဉ်းစခန်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ အာဖဂန်နိုင်ငံသား အကျဉ်းသားတွေကို လွှဲပြောင်းပေးဖို့ သဘောတူညီမှု ရရှိပြီးချိန်မှာပဲ အမေရိကန် ထိပ်တန်းသံတမန်ဟာ အာဖဂန်နစ္စတန်ကို ဆိုက်ရောက်သွားတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် အစိုးရအနေနဲ့ အန္တရာယ်ကြီးမားတဲ့ အကျဉ်းသားတွေကို လုံခြုံစိတ်ချပြီး လူသားဆန်စွာနဲ့ ဆက်လက် ထိန်းသိမ်းထားလိမ့်မယ်လို့ ယုံကြည်စိတ်ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်စစ်တပ်ရဲ့ Bagram စစ်အခြေစိုက် စခန်းအနီးမှာရှိတဲ့ Parwan အကျဉ်းထောင်ရဲ့ အုပ်ချုပ်ရေး အပြည့်အဝကို အမေရိကန် အာဏာပိုင်တွေက အာဖဂန်နစ္စတန်နိုင်ငံလက်ကို တနင်္လာနေ့ စောစောပိုင်းကပဲ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
XS
SM
MD
LG