သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကယ်ရီ အရှေ့အလယ်ပိုင်းရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ (ဝဲ) နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်အဘက်စ် တို့ ဆို့ဆုံနေစဉ်။ (ဧပြီလ ၇ ရက်၊ ၂၀၁၃)။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ (ဝဲ) နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်အဘက်စ် တို့ ဆို့ဆုံနေစဉ်။ (ဧပြီလ ၇ ရက်၊ ၂၀၁၃)။
သမ္မတအိုဘားမားရဲ့ သမ္မတဒုတိယသက်တမ်း အစောပိုင်းအတွင်းမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ပြန်လည် တိုးတက်လာစေဖို့အတွက် အမေရိကန်နိုင်ငံက အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုအသစ်တွေ လုပ်ဆောင်နေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘက်စ် (Mahmoud Abbas) တို့ အနောက်ဘက်ကမ်းဒေသမှာ တွေ့ဆုံခဲ့ပါတယ်။

တူရကီနိုင်ငံကနေ အစ္စရေးကို ရောက်လာပြီးတဲ့နောက် တနင်္ဂနွေနေ့က ပါလက်စတိုင်းခေါင်းဆောင်ရဲ့ ရာမာလာ (Ramalla) ရုံးချုပ်မှာ မစ္စတာ အဘက်စ် နဲ့ ဝန်ကြီး ကယ်ရီ တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

အမေရိကန် ထိပ်တန်းသံတမန် မစ္စတာကယ်ရီဟာ အစ္စရေး ခေါင်းဆောင်တွေနဲ့ ပါလက်စတိုင်း
တာဝန်ရှိပုဂ္ဂိုလ်တွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံကြဖို့ရှိပါတယ်။ အစ္စရေး ပါလက်စတိုင်း နှစ်ဘက်ကြား ၂၀၁၀ စက်တင်ဘာလက စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲတွေ ခဏသာဖြစ်မြောက်ခဲ့ပြီး အဲဒီအချိန်ကစလို့ နှစ်ဘက် ခေါင်းဆောင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ အစ္စရေး ပါလက်စတိုင်း နှစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးအတွက် ဝန်ကြီး ဂျွန်ကယ်ရီ က အလေးထားဆောင်ရွက်မှာဖြစ်ပေမဲ့ နှစ်ဘက်ကြား ငြိမ်းချမ်းရေးအတွက် တရားဝင် ကနဦး ဆောင်ရွက်မှုတွေကို ဝန်ကြီးကယ်ရီက ဆောင်ရွက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းက နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဟာ အီစတန်ဘူးလ် (Istanbul) မြို့မှာ တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan နဲ့ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG