သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူဘားဆိုင်ရာ ကန်သံရုံး အလံတင် အခမ်းအနား ဝန်ကြီး Kerry တက်မည်


အမေရိကန်နိုင်ငံခြားရေးJohn Kerry
အမေရိကန်နိုင်ငံခြားရေးJohn Kerry

ဒီကနေ့ သောကြာနေ့မှာ ကျူးဘားနိုင်ငံ၊ ဟားဗားနားမြို့တော်မှာဖွင့်လှစ်မယ့် အမေရိကန်သံရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက အမေရိကန်ရဲ့နိုင်ငံတော် အလံကို လွှင့်တင်ပေးပါလိမ့်မယ်။ ၁၉၆၁ ခုနှစ်ကစလို့ ပထမဆုံးအကြိမ် အမေရိကန်နဲ့ ကျူးဘားသံတမန် ဆက်ဆံရေး ပြန်လည် ထားရှိမှာပါ။ နှစ်ပေါင်း ၅၀ လောက် ရန်လိုလာကြတဲ့ နှစ်နိုင်ငံကြား မှာတော့ ဖြေရှင်းရမယ့်ကိစ္စတွေက အများကြီးရှိနေသေးတာပါ။

Fidel နဲ့ Raul Castro ညီအကိုနှစ်ယောက်အုပ်ချုပ်မှု သက်တမ်း နှစ် ၅၀ အတွင်း ကျူးဘားအစိုးရကို တောက်လျှောက် ဆန့်ကျင်လာခဲ့ကြတဲ့ ကျူးဘားအတိုက်အခံတွေကတော့ အမေရိကန်သံရုံးရဲ့အလံတင်အခမ်းအနားကို တကယ်လို့ အတိုက်အခံတွေကို အမေရိကန်သံရုံးဖွင့်ပွဲမှာ ဖိတ်ခဲ့ရင် ကျူးဘားအစိုးရအရာရှိတွေက သံရုံးဖွင့်ပွဲကို သပိတ်မှောက်ကြမှာကို စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် ဝန်ကြီးကယ်ရီက အလံတင်အခမ်းအနားပြီးတဲ့နောက် အစိုးရနဲ့သဘောထားကွဲလွဲသူအဖွဲ့ငယ်တဖွဲ့ကို အမေရိကန်သံရုံးအဖွဲ့ရဲ့ အကြီးအကဲအိမ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG