သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနယ်စပ်မြို့ ရုရှားတပ်တွေ သိမ်းပိုက်


ရုရှားတွေ သိမ်းပိုက်လိုက်တဲ့ ယူကရိန်း နယ်စပ်မြို့ Novoazovsk။ (သြဂုတ် ၂၈၊ ၂၀၁၄)
ရုရှားတွေ သိမ်းပိုက်လိုက်တဲ့ ယူကရိန်း နယ်စပ်မြို့ Novoazovsk။ (သြဂုတ် ၂၈၊ ၂၀၁၄)

ယူကရိန်းအရှေ့ဖက်ခြမ်းက Donetsk ဒေသမှာ အခြေအနေတွေဟာ လျင်လျင်မြန်မြန်နဲ့ ဆိုးရွားလာနေပြီး ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ တကယ်ပဲ ဝင်ရောက်လာကြပြီလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောပါတယ်။ သူ့ရဲ့ တူရကီနိုင်ငံ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီး ဒီကိစ္စဆွေးနွေးဖို့ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပါတယ်။ ယူကရိန်း အရှေ့တောင်ပိုင်းက အချက်အချာကြတဲ့ Novoazovsk မြို့ကို ရုရှားစစ်တပ်က ထိန်းချုပ်လိုက်တာပါ။ အဲဒီမြို့အနီးအနားက ရွာတွေကိုလည်း ရုရှားတွေ ထိန်းချုပ်ထားကြောင်း ယူကရိန်း လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက တွီတာမှာ ရေးသားထားတာပါ။

(OSCE) လို့ခေါ်တဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုင်ရာ ယူကရိန်းသံအမတ် Ihor Prokopchuk က ဒါဟာ မော်စကိုအနေနဲ့ ဗြောင်ကျကျ ကျူးကျော်သိမ်းပိုက်လိုက်တာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ယူကရိန်းက အခြေအနေတွေ အတွက် အကောင်းဆုံး အဖြေရှာဖို့ OSCE အဖွဲ့ အစည်းအဝေးကျင်းပနေတဲ့ ဗီယင်နာမြို့မှာ အခုလို ပြောဆိုလိုက်တာပါ။ OSCE ဆိုင်ရာ ရုရှားသံအမတ် Andrey Kelin ကတော့ ယူကရိန်းဘက်ကို ရုရှားစစ်သားတွေ ကျူးကျော်ဝင်ရောက်တယ်ဆိုတာ မဟုတ်တဲ့အကြောင်း ငြင်းဆိုပါတယ်။

ဗီယင်နာမှာ ကျင်းပတဲ့ OSCE အစည်းအဝေးမှာ ယူကရိန်းနိုင်ငံအတွင်း ရုရှားဖက်က ကျူးကျော်ဝင်ရောက်နေတဲ့ကိစ္စ အဓိကထား ဆွေးနွေးသွားမယ်လို့ အမေရိကန် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ယူကရိန်းနိုင်ငံအတွင်း ရုရှားတပ်ဖွဲ့ဝင် တထောင်လောက်ရှိမယ်ဆိုပြီး မဟာမိတ်ဖက်က ခန့်မှန်းထားတဲ့အကြောင်းကိုတော့ NATO အရာရှိတွေက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ရုရှားတွေဟာ ယူကရိန်းခွဲထွက်ရေးသမားတွေကို အကူအညီတွေပေးနေပြီး ကိုယ်တိုင်လည်း ဝင်ပြီး စစ်ကူတိုက်ပေးနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ မတ်လအတွင်းက ယူကရိန်းနိုင်ငံကနေ ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ ရုရှားနိုင်ငံတို့အကြား မြေပြင်တဆက်တည်းဖြစ်ဖို့ ရုရှားတို့ရဲ့ ဒီဆန္ဒအပေါ် အားလုံးကစိုးရိမ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG