သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNPP နဲ့ အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့ဆုံ


အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ခေါင်းဆောင်
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း။
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း။
နောက်လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဘက်ကတော့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို ဝန်ကြီး ဦးအောင်မင်းကလည်း ခွင့်ပြုချက်ပေးတယ် လို့ KNPP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းထားပြီး တင်ပြထားပါတယ်။

နောက်လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီဖွဲ့နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီဘက်ကတော့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပေါ် လူမှုအဖွဲ့အစည်းတွေရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့် ပေးဖို့ တောင်းဆိုခဲ့သလို ဝန်ကြီး ဦးအောင်မင်းကလည်း ခွင့်ပြုချက်ပေးတယ် လို့ KNPP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်စုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းထားပြီး တင်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ KNPP ခေါ် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီခေါင်းဆောင်တို့ဟာ နိုဝင်ဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ အခုတွေ့ဆုံမှုဟာ လာမယ့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းတဲ့သဘော ဆောင်နေတယ်လို့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့သူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“ဒီတပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆိုတော့ နောက် အစည်းအဝေးမှာ ကျနော်တို့ နှစ်ဘက်တပ်များဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပေါ့နော်၊ ချမှတ်ပြီးမှ ဆွေးနွေးကြဖို့လည်း ကျနော်တို့က တင်ပြပါတယ်။ နောက်တခု ကတော့ (၁၄) ချက်ထဲက လေ့လာစောင့်ကြည့်ရေး အဖွဲ့တို့ အဲဒီလိုမျိုးတွေ ဖွဲ့ဖို့ကိုလည်း သူတို့နဲ့ အကြိုညှိနှိုင်းတာ ရှိတာပေါ့နော်။ နောက် ကျနော်တို့ CPO တွေပေါ့နော်။ ကျနော်တို့ဆီမှာ ဒီရွာသစ် ရေကာတာ စီမံကိန်းနဲ့ ပက်သက်ပြီးတော့မှ အစိုးရဘက်က ပွင့်လင်းမြင်သာမှုမရှိဘူး။ သူတို့ လေ့လာမှုကို ပိတ်ပင်တယ် ပြောဆိုတဲ့ အပေါ်မှာလည်း ကျနော်တို့ အစိုးရကို ပြန်ပြောတော့ သူတို့ကတော့ ဒါတွေကို လွတ်လွတ်လပ်လပ် ပေါ့နော်။ ကျနော်တို့ ခွင်ပြုပါတယ် ဆိုပြီးမှ အဲတာတွေ ပြောခဲ့တာ ရှိတာပေါ့နော်။ အဓိကကတော့ နောက်လာမယ့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါဘဲ။”

ကရင်နီအမျိုးသား တိုးတက်ရေးပါတီဘက်က တင်ပြချက်အပေါ် ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးကော်မတီ အနေနဲ့ အတတ်နိုင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ပြောသွားတဲ့ အကြောင်းလည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“သူကတော့ အတတ်နိုင်ဆုံးပေါ့နော်။ ကျနော်တို့နဲ့ ဆွေးနွေးထားတဲ့ သဘောတူထားတဲ့ အချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီးတော့မှ အကောင်အထည် ဖော်သွားဖို့ဆိုပြီးတော့ သူကတော့ အဲဒီလို ပြောသွားပါတယ်။ ဆက်ပြီးတော့မှ ကျနော်တို့ ညှိညှိနှိုင်းနှိုင်း လုပ်သွားဖို့လည်း သူ့အနေနဲ့ ဆန္ဒ ရှိပါတယ်ပေါ့နော်။”

ဒီနှစ်ကုန်ပိုင်းလောက်မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ မြန်မာငြိမ်းချမ်းရေးကော်မီတီတို့ ထပ်မံ တွေ့ဆုံဖို့ ရှိနေတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ KNPP နဲ့ အစိုးရအကြား တပ်မတော် အစိုးရ လက်ထက် ၁၉၉၅ ခုနစ်က အချက် (၁၆) ချက်နဲ့ အပစ်ရပ်စဲရေး သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ၃ လအကြာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီး နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

KNPP ခေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီဟာ မတ်လ ၇ ရက်နေ့မှာ မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မီတီ အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇွန် ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ အချက် ၁၄ ချက်ပါ သဘောတူညီ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ အခုက အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတယ်။ ကျနော်တို့ KNPP အနေနဲ့ ကတော့ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် ရှေ့တည်တန့် ခိုင်မြဲအောင် ဆက်လုပ် သွားချင်တယ်။ ဒီကနေတဆင့် ကျနော်တို့က အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်သွားချင်တယ်။ အဲဒီကမှတဆင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရောက်တဲ့အထိကို ကျနော်တို့ဘက်ကတော့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အစိုးရ ဘက်ကတော့ သူတို့အနေနဲ့ပေါ့နော်။ ဒီစစ်တပ်ပိုင်းဆိုင်ရာနဲ့ အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ ဘယ်လောက်ညှိနှိုင်းမှုရှိသလဲ ဆိုတဲ့အပေါ်မှာတော့ မူတည် တာပေါ့နော်။”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ ဒီရက်ပိုင်းတွေမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ABSDF ခေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့တွေနဲ့လည်း ထိုင်းနိုင်ငံထဲမှာ တွေ့ဆုံခဲ့ပါတယ်။

KNPPနဲ့ ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်က ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ သလို ကရင်နီတိုးတက်ရေးပါတီ ဘက်ကတော့ ဒုတိယ ဥက္ကဋ္ဌ အေဘယ်ဒွိ ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG