သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ KNU ဆက်ဆံရေးရုံးဖွင့်


စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း
စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသာ အစည်းအရုံး KNU က အစိုးရနဲ့ ပုံမှန် ဆက်သွယ်နိုင်မယ့် ၄ ခုမြောက် ဆက်ဆံရေး ရုံးခွဲကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ခုလို ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရတာဟာ နားလည်မှု ရရှိဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တပ်မဟာ(၆) နဲ့ တပ်မဟာ(၇) တို့ရဲ့ ဆက်ဆံရေး ရုံးဖွင့်ပွဲမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း အစိုးရနဲ့ KNU ကြား ဆက်သွယ်ရေး ပုံမှန်လုပ်ဆောင်သွားနိုင်ဖို့ ယုံကြည် မျှော်လင့်တဲ့အကြောင်း ပြောသွားခဲ့တယ်လို့ KIC ကရင်သတင်းစဉ်မှာ ဖော်ပြ ထားပါတယ်။ မြဝတီ ဆက်ဆံရေးရုံး ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ အပြင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး အပါအဝင် ပြည်နယ်ဝန်ကြီး အချို့လည်း တက်ရောက်ခဲ့ကြသည်။

အစိုးရနဲ့ KNU ကြားဆက်ဆံရေး ရုံးတွေကို ပဲခူးတိုင်း ကျောက်ကြီးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့တွေမှာ ဖွင့်ထားပြီးဖြစ်ပြီး အခု မြဝတီရုံးက စတုတ္ထမြောက်ရုံး ဖြစ်ပါတယ်။
XS
SM
MD
LG