သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာလက်ပိုမြို့သိမ်း ထိုးစစ်ကြီး စတင်တော့မည်


ကုလငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်နှင့် ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ်။
ကုလငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်နှင့် ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ်။
ဆီးရီးယားနိုင်ငံ၊ အာလက်ပိုမြို့ကို ထိန်းချုပ်ဖို့ အဓိကတိုက်ပွဲကြီးတခု စတင်တော့မယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အဖွဲ့အကြီးအကဲ Herve Ladsous က ပြောလိုက်ပါတယ်။

အာလက်ပိုမြို့မှာ တိုက်ပွဲတွေ ပိုဆိုးလာနေတယ်လို့ အဲဒီမှာရောက်နေတဲ့ လေ့လာသူတွေ က ပြောကြောင်း ကြာသပတေးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပြီးတဲ့နောက်မှာ Ladsous က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ကို အစိုးရတပ်တွေက တင့်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေခဲ့တာ သီတင်းသုံးပတ်နီးပါး ကြာနေပြီဖြစ်ပါတယ်။ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကို ဖြုတ်ချချင်တဲ့ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ အာလက်ပိုမြို့ကို အရသိမ်းနိုင်ဖို့ အစိုးရတပ်တွေက ကြိုးစားနေတာပါ။

ဆီးရီးယားပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးသံတမန် ကိုဖီအန်နန်က သူ့ရဲ့တာဝန်ကနေ နုတ်ထွက် ကြောင်း ကြာသပတေး နေ့မှာပဲ ကြေညာခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုဆိုးလာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအတွက် သူတယောက်ထဲ လုပ်နေလို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သူ့အဆိုအားဖြင့် ညီညွတ်မှုမရှိတာကိုလည်း သူက အပြစ်တင် ပြောဆိုခဲ့ပါတယ်။

မစ္စတာအန်နန် အခုလို နုတ်ထွက်သွားတာဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံဖို့ ရုရှားနဲ့ တရုတ်တို့က ပျက်ကွက်ခဲ့တာကို မီးမောင်းထိုးပြနေတယ်လို့ အမေရိကန်က ပြောပါတယ်။
XS
SM
MD
LG