သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့တောင်အမှု အင်္ဂါနေ့ပြန်စမည်


ထိုင်းနိုင်ငံမှာ ဗြိတိန်ခရီးသွား ၂ ဦးအသတ်ခံရမှုနဲ့ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမား ၂ ဦး။
ထိုင်းနိုင်ငံမှာ ဗြိတိန်ခရီးသွား ၂ ဦးအသတ်ခံရမှုနဲ့ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမား ၂ ဦး။

ဗြိတိန်နိုင်ငံသားခရီးသွားနှစ်ဦးကို ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းမှာ သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးရဲ့အမှုကို လာမယ့် အင်္ဂါနေ့မှာ ပြန်လည် စတင်မှာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်မှုမရှိတဲ့အပြင် သက်သေ အထောက် အထားတွေကို လုံလုံလောက်လောက် မတင်ပြနိုင်ဘူးလို့ အားလုံးက ရှုမြင်ခဲ့တာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်တဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ သူတို့ ကျူးလွန်ခြင်းမရှိတဲ့ ဒီအမှုအတွက် မတရားသက်သက် စွပ်စွဲခံထားရတာ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြောဆိုထားတာပါ။

ဗြိတိန်ခရီးသွား အသက် ၂၃ နှစ်အရွယ် Hannah Witheridge နဲ့ David Miller အသက် ၂၄ နှစ်တို့ဟာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက အသတ်ခံခဲ့ရပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတော့ ကော့ထောင်ကျွန်းကမ်းစပ်မှာ ရှာတွေ့ခဲ့ပါတယ်။ အဲဒီကျွန်းဟာ အပန်းဖြေခရီးလာရောက်သူတွေ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ နေရာလည်းဖြစ်ပါတယ်။

XS
SM
MD
LG