သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ် အယူခံတင်ရက် ထပ်တိုးပေး

1/14
အသေးစိတ် ဖတ်ရှုရန် Show less
2/14
အသေးစိတ် ဖတ်ရှုရန် Show less
3/14
အသေးစိတ် ဖတ်ရှုရန် Show less
4/14
အသေးစိတ် ဖတ်ရှုရန် Show less
5/14
အသေးစိတ် ဖတ်ရှုရန် Show less
6/14
အသေးစိတ် ဖတ်ရှုရန် Show less
7/14
အသေးစိတ် ဖတ်ရှုရန် Show less
8/14
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
9/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
 David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
10/14  David Miller မိသားစု တရားခွင်သို့ ရောက်ရှိလာစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
11/14
အသေးစိတ် ဖတ်ရှုရန် Show less
The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
12/14 The mother of Zaw Lin (C) cries as she leaves after hearing the verdict at the Koh Samui provincial court , in Koh Samui, Thailand, December 24, 2015. A Thai court sentenced two Myanmar migrant workers, including Zaw Lin, to death on Thursday after convic
အသေးစိတ် ဖတ်ရှုရန် Show less
13/14
အသေးစိတ် ဖတ်ရှုရန် Show less
14/14
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

လိပ်ကျွန်း လူသတ်မှု စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ လူငယ်နှစ်ဦးအတွက် အယူခံဝင်ဖို့ နောက်ဆုံးရက်ကို တလ ထပ်တိုးပေးလိုက်ပါတယ်။ ကနဦး သက်မှတ်ပေးထားတဲ့ နောက်ဆုံးရက်က ဒီကနေ့ ပြည့်သွားတာဖြစ်ပြီး အယူခံဝင်ဖို့ရာ အဆင်သင့်မဖြစ်သေးတဲ့အတွက် ဒီ့မတိုင်ခင် ရက်ပိုင်းကတည်းက ရက်ထပ်တိုးပေးဖို့ လျှောက်ထားတာကို ထိုင်းတရားရုံးက ခွင့်ပြုခဲ့တာပါ။ လူငယ်နှစ်ဦးအတွက် အယူခံဝင်ဖို့လုပ်နေသူတွေ အပိုင်းမှာတော့ သက်သေထွက်ပေးမယ့်လူတွေကို ရှာဖွေရေးအပါအဝင် လုပ်ငန်းတွေမှာ ဘဏ္ဍာငွေအခက်အခဲကြောင့် ခရီးမရောက်ဖြစ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား ၂ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက် အထက်တရားရုံးကို အယူခံဆက်တက်ဖို့ အတွက်တရားရုံးက ၁ လ အချိန်ပေးခဲ့ပေမဲ့ တရားခံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီအနေနဲ့ သက်သေအထားတွေရှာဖွေဖို့ လုံလောက်မူမရှိတဲ့အတွက် နောက်ထပ်အချိန် ၁ လ တိုးတောင်းရာမှာ တရားရုံးကခွင့်ပြုခဲ့တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“၂၄ ရက်အခု ၁ လပိုင်း ၂၀၁၆ မှာ ဒီကာလ ကုန်သွားတာပေါ့။ ဒါပေမယ့် အချက်အလက်တွေပြည့်စုံအောင်ရှာဖို့ အတွက်ဆိုရင် ထိုင်းဥပဒေအရ ထပ်တိုးတောင်းလို့ရတယ်။ ထပ်တိုးတောင်းရင် ၁ လ ရမယ်ဆိုတာရှိပါတယ်။ ဒါကြောင့်မို့လည်း ၂၀ ရက် ၁ လ ၂၀၁၆ နေ့တုန်းက ဒီအယူခံနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေပြည့်စုံအအောင် စုဆောင်းဖို့အတွက်ကို နောက်ထပ် ၁ လ တိုးပေးပါဆိုပြီးတော့ တရားရုံးတော်ကို အယူခံတရားရုံးတော်ကို လျှောက်တဲ့အခါမှာ အယူခံတရားရုံးတော်က ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်မို့လို့ နောက်ထပ် ၁ လ ရပါတယ်။

သေဒဏ်မချမှီ တနှစ်တာ ကာလအတွင်းမှာတော့ သက်သေထွက်ပေးနိုင်တဲ့ သူတွေရဲ့ နေထိုင်ရေး၊ အလုပ်အကိုင်နဲ့လုံခြုံရေးကိစ္စတွေကို မြန်မာသံရုံးနဲ့ လိပ်ကျွန်း အထူးကော်မတီတို့က တာဝန်ယူပေးနိုင်တာတွေမရှိတဲ့အတွက် လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားသက်သေတွေ ရသင့်သလောက် မရရှိခဲ့ဘူးလို့ လိပ်ကျွန်း အထူးစုံစမ်းရေးကော်မတီ ရဲ့ ခေါင်းဆောင်ဦးကျော်သောင်းကပြောပါတယ်။ အခု သေဒဏ်ကျခံရ ပြီး ၁ လ ပြည့်တဲ့ တိုင်အောင်လည်း လိုအပ်တဲ့မျက်မြင်သက်သေတွေကို ရှာဖွေနိုင်ဖို့အတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ဦးကျော်သောင်းကပြောပါတယ်။

“ဒီစုံစမ်းစစ်ဆေးရေးတာဝန်ခံအဖြစ် စပြီးတော့လုပ်တုန်းက သက်သေအထောက်အထားအချက်အလက်တွေဟာ ကျနော်တို့ဘက်မှာ အတိုင်းအတာတခုအထိ ခိုင်ခိုင်မာမာရှိခဲ့တယ်လို့ပြောလို့ရတယ်။ သို့သော် ကျနော်တို့ တဦးချင်းတဦးချင်းစီက တွေ့ရှိခဲ့ရတာရှိတယ်။နောက်အားနည်းတာ တခုကဘာရှိခဲ့သလဲဆိုတော့ ပထမဦးဆုံးကနော်တို့ သက်သေအဖြစ် စစ်ထုတ်ခဲ့ရတဲ့ စစ်ဆေးခဲ့ရတဲ့ ဒီဖြစ်စဉ်ထဲမှာ လုံးဝကို အရေးကြီးတဲ့ သက်သေဖြစ်တဲ့ မောင်မောင်ဆိုတဲ့ မျက်မြင် ကျတဲ့အချိန်အခါမှာ သူ့ကို ပထမဆုံးကျနော်တို့ယူလိုက်ရတဲ့ ပထမ စစ်ဆေးချက်ဟာ ပထမဆုံးသာဖြစ်ပြီးတော့ နောက်ဆုံးကျန်တဲ့ သက်သေတွေ၊ ကွင်းဆက်တွေ၊ ရလာတဲ့အဖြေတွေနဲ့ ကွဲလွဲနေတာရှိတယ်။ ကျနော်တို့ တွေ့ရှိထားတဲ့သက်သေတွေအကုန်လုံးကို စုပေါင်းပြီးတော့မှ တဆင့်တက်ပြီးတော့မှာ ဘယ်ဟာကိုဖြင့် အတည်ပြုပြီးတော့ သက်သေထွက်ဆိုနိုင်တဲ့အဆင့်အထိဆိုတဲ့ တဆင့်ကို ကျနော်ကသွားချင်တယ်။ ကျနော်တို့မှာ အားနည်းနေတာတခုက လက်ရှိလိပ်ကျွန်းကော်မတီနဲ့ အဲဒီလို သက်သေတွေ နောက်ကို အချိန်ကုန်ခံလိုက်ဖို့အတွက် ၊ငွေကုန်ခံလိုက်ဖို့အတွက် စားရိတ်က မှရှိဘူးဖြစ်နေတယ်။ အပွင့်လင်းဆုံးပြောမယ်ဆိုရင် ကျနော်တို့ဘက်က လုပ်နေ၊ ကိုင်နေတာကို ကျနော် ကိုယ်တိုင်အားမရဘူး။"

အထက်တရားရုံးကို အယူခံဆက်တက်ဖို့အတွက် ဥပဒေနဲ့ မူခင်း ပညာရှင် ၃ ဦးကို မြန်မာအစိုးရက စေလွတ်ပေးခဲ့ပြီး အမူအတွက် ပြင်ဆင်မူတွေ လုပ်ခဲ့တာတွေတော့ဇန်နဝါရီလအတွင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေကတော့ပြောပါတယ်။

ဒီအမူဟာလူအများ စိတ်ဝင်စားနေတဲ့အမှုဖြစ်ပြီး သေဒဏ်ချခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့နဲ့ တိုင်းနဲ့ ပြည်နယ်တဝှမ်းမှာဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ် ။ ထိုင်းသံရုံး ယာယီပိတ်ခဲ့ရတဲ့အထိအဖြစ်ခဲ့ရတဲ့ ဆန္ဒပြပွဲတွေဖြစ်လာအပြီး ဒီဆန္ဒပြပွဲအတော်များများဟာ မြန်မာအာဏာပိုင်တွေထံကနေခွင့်ပြုမိန့်တွေမပါဘဲ လုပ်ဆောင်ခဲ့ကြတာကြောင့် နိုင်ငံရေး ပရောဂတွေပါတယ်လို့ ဝေဖန်သူတချို့ကဆိုခဲ့ပါတယ်။ ဒီအတွက် နှစ်နိုင်ငံကြားဆက်ဆံရေး ထိခိုက်မှာကို စိုးရိမ်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ၊ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံး သေဒဏ်ပေးခဲ့ပြီးနကွန်စီဌာမရ အကျဉ်းထောင်ကို ရွှေ့ပြောင်းထားခဲ့ပါတယ်။

​
XS
SM
MD
LG