သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်စမ်းသပ်မှု ထပ်လုပ်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်


ကင်ဂျုံအွန်းက နျူးကလီးယား လက်နက် ထိပ်ဖူးတွေနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေရဲ့ နျူးကလီးယား လက်နက် ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းကို အချိန်တို အတွင်း စမ်းသပ်ဖို့ အမိန့်ပေး
ကင်ဂျုံအွန်းက နျူးကလီးယား လက်နက် ထိပ်ဖူးတွေနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေရဲ့ နျူးကလီးယား လက်နက် ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းကို အချိန်တို အတွင်း စမ်းသပ်ဖို့ အမိန့်ပေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက နျူးကလီးယား လက်နက် ထိပ်ဖူးတွေနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေရဲ့ နျူးကလီးယား လက်နက် ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းကို အချိန်တို အတွင်း စမ်းသပ်ဖို့ အမိန့်ပေးလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ထုတ်ဖော် ပြောဆိုသွားပါတယ်။ ပဲ့ထိန်းတပ် ဒုံးကျည်တစင်းကို အာကာသထဲကို အောင်အောင်မြင်မြင် ပစ်လွှတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကကြီးကြပ်ခဲ့ပြီးနောက် နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်ဆိုပြီး ကိုရီးယား ဗဟိုသတင်းဌာန KCNA က ကြေညာသွားပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယား တိုက်ခိုက်ရေး စွမ်းရည် အပေါ် ပိုပြီး အားထားလာနိုင်အောင် လုပ်ဆောင်ဖို့လည်း ကင်ဂံျုအွန်းက ညွှန်ကြားခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။ စမ်းသပ်မှုတွေ လုပ်ခဲ့မယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်က ဒီလ အစောပိုင်းတုန်းက ကုလ လုံခြုံရေး ကောင်စီက အတည်ပြုထားတဲ့ ပိုပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အပါအဝင် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက်ပြီး အန်တုမှုလည်း ဖြစ်ပါတယ်။

နှစ်ပတ်လည် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စု အပေါ်မှာလည်း မြောက်ကိုရီးယားဘက်က ရန်စောင် ပြောဆိုချက်တွေ ဒီရက်ပိုင်းတွေ အတွင်းမှာ ပိုပြီး များလာခဲ့တာပါ။ မြောက်ကိုရီးယား အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဦးတည်လုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဖျက်ဆီး သလို ဖြစ်သွားနိုင်တယ်လို့ တောင်ကိုရီးယား သမ္မတ Park Geun-hye က ဒီကနေ့ အင်္ဂါနေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG