သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားစက်ရုံ လုပ်သားတွေ မြောက်ပိုင်းမှထွက်ခွာ


မြောက်ကိုရီးယား ကေဆောင်းစက်မှုဇုံမှ တောင်ကိုရီးယား ကုန်တင်ကားများထွက်ခွာနေစဉ်။ (ဧပြီလ ၂၇ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယား ကေဆောင်းစက်မှုဇုံမှ တောင်ကိုရီးယား ကုန်တင်ကားများထွက်ခွာနေစဉ်။ (ဧပြီလ ၂၇ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားနယ်မြေအတွင်းမှာရှိပြီး ပိတ်ပစ်လိုက်တဲ့ စက်မှုဇုံအတွင်းက လက်ကျန် တောင်ကိုရီးယား နိုင်ငံသား အလုပ်သမားတွေ စတင်အိမ်ပြန်နေကြပြီဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတွေ ကားတန်းတွေနဲ့အတူ တောင်ကိုရီးယားဘက်ကို စနေနေ့မှာ ဖြတ်ကူးလာခဲ့ကြပါတယ်။ ကေဆောင်း စက်မှုဇုံမှာရှိတဲ့ အလုပ်သမား စုစုပေါင်း ၁၇၅ ယောက်ထဲက ၁၂၇ ယောက်ဟာ စနေနေ့မှာ ပြန်လည်ရောက်ရှိလာကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနကပြောပါတယ်။ ကျန်လူတွေဟာလည်း နောက်ရက်တွေမှာ ပြန်လာကြလိမ့်မယ်လို့ ဆိုပါတယ်။

စက်မှုဇုံပြန်လည် လည်ပတ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံက ညှိနှိုင်းမှုပြုလုပ်ဖို့ ပြောတာကို မြောက်ကိုရီးယားဘက်က ပယ်ချလိုက်ပြီးတဲ့နောက် အလုပ်သမားတွေ ပြန်လာရေးကိစ္စကို သောကြာနေ့က ဆုံးဖြတ်ခဲ့တာပါ။

တောင်ကိုရီးယားက ဆွေးနွေးမှုပြုလုပ်ဖို့အတွက် သဘောတူညီမှုရဖို့ ၂၄ နာရီ အချိန်ပေးကြောင်း သောကြာနေ့က ကမ်းလှမ်းခဲ့ပြီး မြောက်ကိုရီးယားဘက်က သဘောမတူခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုပြီးတော့ သတိပေးခဲ့တာပါ။

သတိပေးထားတဲ့ အချိန်ကျော်လွန်ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ အဆိုကို ပယ်ချခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဘက်က နယ်စပ်မြို့ရဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လာမယ်ဆိုရင် သူတို့ဘက်က အရင် အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။
XS
SM
MD
LG