သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် သတိပေးပစ်ခတ်


မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး တိုးတက်ဖို့ရည်ရွယ်တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှစ်ဘက်သဘောတူခဲ့ကြပြီး ရက်ပိုင်းအတွင်းမှာပဲ မြောက်နဲ့ တောင်ကိုရီးယားရဲ့ စစ်သင်္ဘောတွေ အပြန်အလှန် သတိပေး ပစ်ခတ်ခဲ့ပါတယ်။

အနောက်ဘက်ကမ်းရိုးတန်းအကျော်က မြောက်ပိုင်းကန့်သတ်မျဉ်း ဆိုတဲ့နေရာကို မြောက်ကိုရီးယား သင်္ဘော ဖြတ်ကျော်ခဲ့တာကြောင့် တောင်ကိုရီးယား ရေတပ်သင်္ဘောက သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယား သင်္ဘောက ပြန်မဆုတ်ဘဲ ပြန်လည် ပစ်ခတ်ခဲ့တာပါ။

အင်္ဂါနေ့အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း နှစ်ဘက်စလုံးက တဘက်နဲ့တဘက် ထိအောင် ပစ်ခတ်တာမဟုတ်ဘဲ ထိခိုက်ဒဏ်ရာရမှုသတင်း မကြားရဘူးလို့ နာမည်မပြောချင်တဲ့ အရာရှိက ပြောပါတယ်။ တောင်ကိုရီးယား သင်္ဘောက ၁၀ မိနစ်လောက်အတွင်းမှာ ကျည်အချက် ၉၀ လောက် ပစ်ခတ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

မြောက်ကိုရီးယားက ဒီ ပင်လယ်ဝါထဲက အလွတ်သဘော သတ်မှတ်ထားတဲ့ ရေနယ်နမိတ်မျဉ်းကို ဘယ်တော့မှ အသိအမှတ် မပြုတာကြောင့် ဒီလို ထိပ်တိုက် ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့က ပြုလုပ် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို မြောက်ကိုရီးယား ထိပ်တန်း အဆင့်မြင့်အရာရှိတဦး ရုတ်တရက် ရောက်လာခဲ့ပြီးတဲ့နောက်မှာ သဘောတူခဲ့တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေ မကျင်းပခင်မှာ အခုလိုမျိုး ဖြစ်ရပ်ကြောင့် တင်းမာမှုတွေ မြင့်မားလာရပါတယ်။

XS
SM
MD
LG