သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားအပစ်ရပ် သဘောတူညီမှု ဆက်လက်တည်ဆဲ ကုလ ဆို


တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား စစ်ပွဲကို အဆုံးသတ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ တရားမဝင်တော့ ဘူးလို့ မြောက်ကိုရီးယား နိုင်ငံဘက်က ပြောဆိုခဲ့ပေမဲ့ ဒီသဘော တူညီချက်က တရားဝင်ဆဲပဲလို့ ကုလသမဂ္ဂ က ပြောဆိုလိုက်ပါတယ်။

နစ်ဘက် သဘောတူညီထားတဲ့ အချက်အရ တနိုင်ငံထဲရဲ့ သဘောနဲ့ တရားမဝင် တော့ဘူးဆိုပြီး ရပ်ဆိုင်းလို့ မရတဲ့အကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နော့စကီး (Martin Nesirky) က တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

အနှစ် ၆၀ သက်တမ်းပြည့်ပြီဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သဘောတူ အတည်ပြုခဲ့တာဖြစ်ပြီး၊ တရားဝင်နေဆဲဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးအကြိမ် နျူကလီးယား စမ်းသပ်ချက်ကြောင့် ကုလ လုံခြုံရေး
ကောင်စီက ဒဏ်ခတ်အရေးယူမှုအသစ် ထပ်ပြီး ချမှတ်လိုက်အပြီးမှာ မြောက် ကိုရီးယားနိုင်ငံက အဲ့ဒီသဘောတူညီချက်ကို ပယ်ဖျက်လိုက်ပြီလို့ နိုင်ငံခြားရေးဝန် ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်က
ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံကလည်း မြောက်ကိုရီးယားရဲ့ အဓိက နိုင်ငံခြားငွေ လဲလှယ်ရေး ဘဏ်ဖြစ်တဲ့ North Korea Foreign Trade Bank ကို တနင်္လာနေ့မှာပဲ ဒဏ်ခတ် အရေးယူမှု လုပ်ခဲ့ပါတယ်။

အဲ့ဒီဘဏ်က မြောက်ကိုရီယားရဲ့ လက်နက်လုပ်ငန်းစဉ်ကို အထောက်အပံ့ ပေးခဲ့တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တွမ် ဒိုနီလွန် (Tom Donilon) က တနင်္လာနေ့ က ပြောခဲ့ပါတယ်။
XS
SM
MD
LG