သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်-မြောက်ကိုရီးယား ဆွေးနွေးပွဲ နောက်တကျော့ စတင်


၃လလောက်ကြာအောင် ပိတ်ထားခဲ့ရတဲ့ တောင်နဲ့ မြောက်ကိုရီးယား ဖက်စပ် စက်မှုဇုန် ပြန်ဖွင့်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲကို တနင်္လာနေ့မှာ တကျော့ပြန် စတင်လိုက်ပါတယ်။

အရင် ဆွေးနွေးပွဲတွေမှာ သဘောမတူခဲ့တဲ့ အချက်တွေကို လျော့နည်းသွားအောင် တနင်္လာနေ့က မြောက်ကိုရီးယား Kaesong စက်မှုဇုန်မှာ တောင်-မြောက် ကိုးရီယားနှစ်နိုင်ငံ ကိုယ်စားလှယ် ၃ ဦးစီပါ အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်စပ် စက်မှုဇုန် ပြန်ဖွင့်ဖို့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြား အရင် ဆွေးနွေးပွဲတွေမှာ သဘောတူခဲ့ကြပေမဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့အပေါ် သဘောတူညီမှု မရနိုင်သေးတာ ဖြစ်ပါတယ်။ နှစ်ဘက်ကြား စစ်ရေးနဲ့ နိုင်ငံရေး တင်းမာမှုတွေကြောင့် မြောက်ကိုရီးယားအနေနဲ့ အနာဂတ်မှာ Kaesong စက်မှုဇုန်ကို ပိတ်ပစ်တာမျိုး မလုပ်တော့ဘူးဆိုတဲ့ အာမခံချက်ကို တောင်ကိုရီးယားဘက်က လိုလားတာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုန်ကို အမြန် ပြန်ဖွင့်ဖို့နဲ့ ကန့်သတ်ချက် တစုံတရာ မရှိစေဖို့ကို မြောက်ကိုရီးယား နိုင်ငံဘက်က တောင်းဆိုနေပြီး နှစ်ဘက်စလုံးကတော့ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး လုပ်ငန်းစဉ်မှာ ရိုးသား ဖြောင့်မတ်မှု မရှိဘူးလို့ အပြန်အလှန် အပြစ်တင်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG