သုံးရလွယ်ကူစေသည့် Link များ

ကုသိုလ်တော်ကျောက်စာ ကမ္ဘာ့ယဉ်ကျေးမှုမှတ်တမ်းဝင်


Madalay Kuthodaw
Madalay Kuthodaw
မန္တလေးမြို့မှာရှိတဲ့ ကုသိုလ်တော်လို့ခေါ်တဲ့ မဟာလောက မရဇိန်ကျောက်စာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက Memory of World ကမ္ဘာ့မှတ်တမ်း စာရင်းမှာ ထည့်သွင်း သတ်မှတ်ပေးခဲ့ပါတယ်။

စာရွက်စာတမ်း၊ အထောက်အထား၊ မှတ်တမ်း စတဲ့ သမိုင်းအတွက်အရေးပါတဲ့ အထောက်အထားတွေကို ထိန်းသိမ်းနိုင်ဖို့အပြင် သမိုင်း အချက်အလက်တွေကို လူတိုင်း လေ့လာကြည့်ရှုနိုင်အောင် အကူအညီပေးတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်းဖို့ တောင်ကိုရီးယား နိုင်ငံ Gwangju မှာ ကျင်းပတဲ့ ယူနက်စကိုအစည်းအဝေးမှာ လက်ခံလိုက်တာဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်ကနေ ၂၁ ရက်အထိကျင်းပတဲ့ ကမ္ဘာ့မှတ်တမ်းစာရင်း သတ်မှတ်တဲ့ ကော်မတီအစည်းအဝေးကို နိုင်ငံပေါင်း ၄၀ ကနေ ၅၄ နေရာအတွက် အသစ်တင်သွင်းခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံက ကုသိုလ်တော်အပြင် နီပေါနဲ့ အစ္စရေး နိုင်ငံတွေက သမိုင်းဝင်နေရာတွေလည်း ပါဝင်ပါတယ်။ အခုအခါမှာ ကမ္ဘာ့မှတ်တမ်းစာရင်းမှာ ထည့်သွင်း သတ်မှတ်ခံရတဲ့နေရာ ၂၉၉ ခုရှိပြီဖြစ်ပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် သတ်မှတ်တာ ခံရဖို့ မြန်မာနိုင်ငံက နေရာ ၈ နေရာအတွက် ကုလသမဂ္ဂမှာ လျှောက်ထားခဲ့ ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးမင်းဖြစ်တဲ့ အနော်ရထာမင်းလက်ထက် တည်ထားတဲ့ ပုဂံမြို့နဲ့ ဘုရားပုထိုးတွေ၊ ပျူခေတ်လက်ရာတွေ၊ ကုန်းဘောင်ခေတ် ရွှေကျောင်းတော်၊ ရခိုင်ကမြောက်ဦးပုထိုးတွေ၊ မွန်ဘုရင်တွေရဲ့ မြို့တော် ဟံသာဝတီပဲခူး၊ အထက်မြန်မာပြည် ရှေးဟောင်း မြို့တော်တွေအပြင် အင်းလေးရေကန်ကြီးနဲ့ ပြဒါးလင်းဂူတွေကိုပါ World Heritage Site ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာတွေအဖြစ် လျှောက်ထား တာဖြစ်ပါတယ်။
XS
SM
MD
LG