လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆနပြတဲ့သံဃာတော်များ ကို မီလောင်းဗံုံးနဲ့ ဖြိုခွဲခဲ့မူတွေအတွက် ပြီးခဲ့တဲ့နှစ်က ခွင်ြ့ပုမိန့်မရဘဲ
ဆန္ဒ ထုတ်ဖော်သူ ၆ဦးကို မြို့နယ် ၄မြို့နယ်လောက်က တရားစွဲဆို ထားရာကနေ နိုဝင်ဘာ၂၁ရက်ကတော့ကြည့်မြင်တိုင်တရားရုံးကနေ ခွင်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူပုဒ်မ ၁၈နဲ့ထောင် တလစီချလိုက်ပါတယ်။
စီတန်းလမ်းလျောက်တဲ့ မြို့နယ်တိုင်းကနေ တရားစွဲဆိုမူဟာ အာဃာတနဲ့ တရားစွဲဆိုမူဖြစ်ပြီး ပြစ်မူဆိုင်ရာဥပဒေမှာ အဲ့ဒီလို အရေးယူရမယ်လို့ အတိအကျပြဋ္ဌာန်းထားတာမရှိဘူးလို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဆိုပါတယ်။ မအေးမာကသတင်းပေးပို့ထားပါတယ် ။
လွတ်လပ်စွာ စီတန်းလှည့်လှည်ခွင့် ဥပဒေထွက်လာပြီး နောက်ပိုင်းမှာ ခွင့်ပြုမိန့်မရပဲ စီတန်း လှည့်လှည်တဲ့သူတွေကို ပုဒ်မ ၁၈နဲ့ အရေးယူ လာခဲ့ရာမှာတော့ ပြီးခဲ့နှစ်က ဆန္ဒထုတ်ဖော်ခဲ့ကြသူ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဖြစ်တဲ့ ကျောင်းသားသမဂ္ဂက ကိုဒီငြိမ်းလင်းအပါအဝင် ၆ဦးကို ရန်ကုန်တိုင်း ကြည်မြင်တိုင်မြို့နယ် တရားရုံးကနေ ထောင် တစ်လစီ
ချမှတ်ခဲ့တာပါ။
သူတိုတွေကို စီတန်းလမ်းလျောက်တဲ့ မြို့နယ်တိုင်းကနေ တရားစွဲဆို ခဲ့တာဖြစ်ပြီး နောက်ထပ်အမူတွေလည်း ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ ကိုဒီငြိမ်းလင်းရဲ့မိခင်ဖြစ်သူကပြောပြပါတယ်။
"မနှစ်က ၁၂လပိုင်းက ဖြစ်တာ။ လက်ပံတောင်းတောင် ကိစ္စလေ။ အဲ့တာပုဒ်မ ၁၈တပ်ထားတာ။ ပုဒ်မ ၁၈က ရုံးက ၄ရုံး၊ စမ်းချောင်းရယ်၊ ဒဂုံရယ်၊ အလုံရယ်၊ ဒီနေ့ကြည့်မြင်တိုင်ကကျတော့ ထောင်တစ်လချတယ်။ မနက်က ရုံးထုတ်တာ။ စမ်းချောင်းကထုတ်တယ်ဆိုတော့ နှစ်ရုံးထုတ်တာပေါ့။ သူနဲ့အားလုံးခြောက်ယောက်ပေါ့။ မသန္တာ၊ မိုးသွေးဃ်း၊ ကိုအောင်မျိုးဦး၊ စိုးမိုးထွန်း၊ ကိုကျော်မြင့်ဦး၊ဒီငြိမ်းလင်းနဲ့ဆို အားလုံးခြောက်ယောက်ပေါ့။ အခုက ဘယ်လိုခေါ်မလဲ၊ လူစုလူဝေးနဲ့ နည်းနည်းဆိုတာနဲ့ ပုဒ်မ ၁၈တွေချည်းပဲ ကပ်နေတာလေ။"
မြို့နယ်အလိုက် အမူရင်ဆိုင်ပြီး တရားစွဲဆိုမူဟာ အာဃာတအဖြစ် လုပ်ဆောင်တာမျိုး အဖြစ်မြင်ကြောင်းနဲ့ ပြစ်မူဆိုင်ရာ ကျင့်ထုံးဥပဒေမှာ အခုလို မြို့နယ်အလိုက် တရားစွဲဆိုရမယ် ဆိုတာ အတိအကျပြဌာန်း ထားတာမရှိဘူးလို့ မြန်မာနိုင်ငံက ရှေ့နေများကွန်ယက်က တရားလွှတ်တော်ရှေနေ ဦးအောင်သိန်းကပြောပါတယ်။
"မြို့နယ်အလိုက် တရားစွဲဆိုခွင့်ဆိုတာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ အဲ့သလို အတိအကျပြဋ္ဌာန်းထားတာမရှိဘူးဗျ။ တနေ့တည်း တပြိုင်တည်းကို ဥပမာအားဖြင့်ဗျာ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့သွားနေတယ်။ လမ်းခရီး မြို့နယ်တွေမှာ လူသတ်မှုဖြစ်သွားတယ်။ ဘယ်မြို့နားမှာ ဘာဖြစ်မှန်းမသိပဲ မန္တလေးရောက်မှသိရင် အဲ့ဒီ့ဖြတ်တဲ့ အဲ့မြို့နယ်တိုင်းမှာ အဲ့ဒီ့လူသတ်မှုကို တရားခံကို နိုင်ငံတော်က တရားလိုလုပ်ပြီး တရားစွဲဆိုမှာလားဆိုတာ ကျနော်တို့မှာ မေးစရာ ရှိလာတာပေါ့နော်။
တနေ့တည်း တပြိုင်တည်း အကြောင်းခြင်းရာတစ်ခုတည်းအပေါ်မှာ ဆန္ဒထုတ်ဖော်မှုဟာ ဒီလိုနယ်မြေဖြတ်သန်းသွားလာတာက ဒီလမ်းကြောင်းမှမဖြတ်ရင် ဘယ်လမ်းကြောင်းကိုဖြတ်မလဲ၊ ကဲ ကျနော်တို့ကမေးပြီ။ လမ်းကြောင်းပေါ်မှာ သွားလာတာဟာ ဆန္ဒထုတ်ဖော်တဲ့ကိစ္စဟာ မြို့နယ်တိုင်း လုပ်တယ်ဆိုတဲ့ကိစ္စဟာ ရည်ရွယ်ချက်ကိုက အာဃာတထားပြီး တရားစွဲဆိုမှုဖြစ်နေတယ် ဆိုတာ ပေါ်ပေါက်တယ်ခင်ဗျ။ တချို့မြို့နယ်တွေမှာ အဲ့လိုအမှုတွေကို တရားစွဲဆိုမှုမရှိတာလည်း ရှိတယ်ဗျ။ ဒီဥပဒေတခုကို အလွဲသုံးစားလုပ်ပြီးတော့ သူတို့က ထောက်ပြ ခြောက်ပြ နေတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ကျနော်တို့ ဘက်က အဲ့တာမြင်ပါတယ်။"
ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခြင်း ဟာ ပြစ်မှုထင်ရှားပြီး စီရင်ခံရမယ်ဆိုရင် ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ကျပ် ၃ သောင်း ထက် မပိုတဲ့ေငွေ ဒဏ်နဲ့ ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ဥပဒေမှာ ဖော်ပြ ထားပေမဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ ပတ်သက်လို ဖျက်သိမ်းဖို့ အတွက်လည်း လွတ်တော်ထဲမှာဆွေးနွေးမူတွေ လုပ်နေပြီလို့လည်း ရှေ့နေများကွန်ယက်က ဆိုပါတယ် ။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ကတော့ ပုဒ်မ ၁၈ နဲ့ တရား ရင်ဆိုင်နေရသူ ၁၃၀ ဦး ရှိနေပြီး ထောင်ချခံရသူ ၅၀ကျော် ရှိနေတယ်လို့ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ပုဒ်မ ၁၈ နဲ့ဖမ်းဆီးခံရသူ အကျဉ်းကျနေသူတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပြိး အစိုးရနဲ့ဆွေးနွေးမှုများရှိနေတယ်လို့လည်း ဆိုပါတယ်။
မြန်မာသမတ ဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းသက်သာခွင့်များ ၁၀ကြိမ်ကျော်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အသုတ်လိုက် ခွဲပြီး ပြန်လွှတ်ပေးခဲ့တာပါ။
ဒီနှစ်အကုန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရဘူး လို့ နိုင်ငံတကာ ခရီးစဉ်တွေမှာ ပြောဆိုချက်တွေ ရှိပေမဲ့ အခုလိုမျိုး ပုဒ်မ ၁၈နဲ့ အရေးယူမူတွေက ရှိနေဆဲဖြစ်တာမို့နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေနိုင် တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင်ေ့ရှာက်ရေးအသင်း ကလည်းပြောဆိုထားပါတယ်။