သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ်တည်ဆောက်ရေး တိုင်းရင်းသားတွေ သံသယရှိ

လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
1/5 လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
အသေးစိတ် ဖတ်ရှုရန် Show less
လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
2/5 လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
အသေးစိတ် ဖတ်ရှုရန် Show less
လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
3/5 လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
အသေးစိတ် ဖတ်ရှုရန် Show less
Batoul Bashir Ahmad, bayi berusia 5 bulan mengalami dehidrasi, digendong oleh ibunya dalam perjalanan mengungsi dari kota Mosul, Irak.
4/5 Batoul Bashir Ahmad, bayi berusia 5 bulan mengalami dehidrasi, digendong oleh ibunya dalam perjalanan mengungsi dari kota Mosul, Irak.
အသေးစိတ် ဖတ်ရှုရန် Show less
လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
5/5 လောခီးလာညီလာခံ (ဓာတ်ပုံ - မေခ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သမ္မတအပါအဝင် နိုင်ငံအကြီးအကဲတချို့က လက်ခံကြောင်း ပြောဆိုနေပေမဲ့ အမှန်တကယ် လက်ခံခြင်းမရှိသေးကြောင်း UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်ပါတယ်။

သမ္မတကပြောနေတဲ့ ဖက်ဒရယ်စနစ်ဟာ ၂၀၀၈ ဥပဒေမှာပါတဲ့ အချက်တွေကို ပြောနေတာသာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို သွတ်သွင်းနေခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကိုတော့ လော်ခီးလာညီလာခံမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ လော်ခီးလာညီလာခံ ဒုတိယနေ့မှာ UNFC ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို သတိပေးလိုက်တာပါ။ အစိုးရရဲ့ ပြောဆိုမှုတွေအပေါ်မှာ နားယောင်နေသူတွေလည်း ရှိနေတယ်လို့ သူကပြောဆိုလိုက်ပါတယ်။ ဒီလိုနားယောင်တဲ့အတွက် တကယ့်လက်တွေ့ နိုင်ငံရေး ဆွေးနွေးကြတဲ့အခါမှ ၂၀၀၈ ဥပဒေထဲကို ဆွဲထည့်သွားတဲ့အတွက် နောင်တရတာမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

“နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အကြီးအကဲတချို့ဟာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လွယ်လွယ်နဲ့ လက်ခံသယောင် ပြောနေတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါကို နားယောင်တဲ့သူတွေလည်း ရှိကောင်းရှိနေမှာ ဖြစ်တယ်။ ၂၀၀၈ ဥပဒေထဲမှာလည်း ဖက်ဒရယ်လိုလို ရေးဆွဲထားတာ လူကြီးမင်းတို့လည်း ရိပ်မိကြမယ်လို့ ထင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးကြတဲ့အခါမှ ၂၀၀၈ ဥပဒေထဲကို ဆွဲထည့်သွားမှ နောင်တရတာမျိုး မဖြစ်အောင်တော့ သတိထားရမှာ ဖြစ်ပါတယ်။”

အစိုးရအဆက်ဆက်က ပြောနေတဲ့ “တို့တာဝန်အရေးသုံးပါး” ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ တည်တန့်ခိုင်မြဲရေး - စတာတွေကို တိုင်းရင်းသားတွေဘက်က ချိုးဖောက်ခြင်းမရှိဘဲ အစိုးရဘက်ကသာ ချိုးဖောက်နေခြင်း ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။ ဒါ့အပြင် လက်တလော တိုက်ပွဲတွေဖြစ်နေတဲ့ တအာန်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ UNFC နဲ့ NCCT အဖွဲ့ဝင်တွေ ဖြစ်တာကြောင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုတဲ့ စကားရပ်နဲ့အညီ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဲဒီအဖွဲ့ဝင်တွေအားလုံး ပါဝင်လက်မှတ်ထိုးရေး မူကို ဆက်လက် စွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

လောက်ကိုင်ဒေသကို ဖုန်ကြားရှင် တည်ထောင်ခဲ့တာဖြစ်ကြောင်း၊ ဒါ့အပြင် ၁၉၈၉ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းထဲက ပထမဆုံး ငြိမ်းချမ်းရေးယူခဲ့တဲ့ ဖုန်ကြားရှင်ကို ဒီနေ့ဒီအချိန်မှာ ပြည်ပရန်သူသဖွယ်တော့ မဆက်ဆံသင့်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

“ယနေ့ ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်လာကြသော ခေါင်းဆောင် ကိုယ်စားလှယ်တော်ကြီးများ၊ အဖွဲ့အစည်းများသည် ဘက်တဘက်တွင်သာ ရှိကြတဲ့ ဘဝတူတွေ ဖြစ်တယ်။ အဖိနှိပ်ခံ ဖြစ်တယ်။ မိမိဘက်၏ အကျိုးစီးပွား နိုင်ငံရေး ရည်မှန်းချက်အတွက် အခြားတဘက် အစိုးရဘက်နဲ့ ဆွေးနွေးညှိနှိုင်းနိုင်ရန် ဖြစ်တယ်။ အချင်းချင်း ဘက်ပြိုင်ရန်မဟုတ်။ ညီညွတ်ရေး ဗဟိုပြု ဆွေးနွေးရန် တိုက်တွန်းပါတယ်။ ယခု စုပေါင်းဆွေးနွေးနေခြင်းသည် တိုင်းပြု ပြည်ပြု လုပ်ငန်းဖြစ်တယ်ဆိုတာကို မမေ့စေလိုပါ။”

လတ်တလောမှာ ကုလသမဂ္ဂ၊ တရုတ်နဲ့ ကရင်အမျိုးသားအစည်းအရုံးက နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးစဖို့ မနေ့က လော်ခီးလာညီလာခံ ပထမဆုံးနေ့မှာ တိုက်တွန်းထားပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းနဲ့ ပတ်သတ်တာကို တိုင်းရင်းသား တဖွဲ့ချင်းဆီကနေ အမြင်သဘောထား တင်သွင်းခြင်းနဲ့ နိုင်ငံရေးမူဘောင်ကိစ္စ စတာတွေကို ဆွေးနွေးမှာပါ။

ကျင်းပနေတဲ့ လော်ခီးလာတိုင်းရင်းသားညီလာခံမှာ သတင်းသမားတွေရဲ့ သတင်းရယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။ သတင်းသမားတွေကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေဆုံခွင့်ကို ကန့်သတ်ထားသလို အစည်းဝေးကို ပေးပို့လာတဲ့ သဝဏ်လွှာ၊ အကြံပြုစာတွေကိုလည်း သတင်းမှတ်တမ်းယူခွင့် မပေးဘဲ ပိတ်ပင်ထားပါတယ်။

XS
SM
MD
LG