သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဒဏ်ခတ်အရေးယူမှု စတင် ရပ်ဆိုင်းပြီ


အီရန်နိုင်ငံနဲ့ နျူကလီးယားသဘောတူညီချက်အရ အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူတွေ ရပ်ဆိုင်းပေးရမယ့် အစီအစဉ်တွေဟာ စတင်အသက်ဝင်သွားပြီ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က - ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ - အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း - အစီအစဉ်တွေကို ချက်ခြင်းအကောင်အထည်ဖော်ဖို့ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာ အဆင့်မြင့် ကိုယ်စားလှယ် Federica Mogherini ကလည်း - ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အီရန်ရဲ့နျူကလီးယား လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးနေပြီဖြစ်တဲ့အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarif နဲ့အတူ စနေနေ့က သြစတြီးယားနိုင်ငံ ဗီယမ်နာမြို့မှာ ရှိနေစဉ် ပြောဆိုခဲ့ပါတယ်။

“သမိုင်းဝင်သဘောတူညီချက်က မျှတပြီး ခိုင်မာမှုရှိသလို၊ မှန်မှန်ကန်ကန် အကောင်အထည်ဖော်သွားမယ်ဆိုရင် ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး အတွက် အဓိကကျတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်လာလိမ့်မယ်” - လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ နျူကလီးယားသဘောတူညီချက်အတိုင်း အီရန်နိုင်ငံက လိုက်နာဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က အတည်ပြု ပြောကြားခဲ့တဲ့အတွက် - နျူကလီးယား လုပ်ငန်းတွေကြောင့် အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လျှော့ပေးဖို့ လမ်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG