အမေရိကန်ပြည်ထောင်စုမှာ ကျား၊မ တန်းတူ အခွင့်အရေး ရရှိမှုအတွက် ရုန်းကန်မှုမှာ တန်းတူလစာ ရရှိရေးအတွက် အာမခံချက် ပေးစေခဲ့တဲ့ Lily Ledbetter Fair Pay Act ဆိုတဲ့ Lily Ledbetter တန်းတူလစာ ရရှိရေး ဥပဒေဟာ ခေတ်သစ်မှာ သမိုင်းမှတ်ကျောက် တင်ရမယ့် ကြိုးပမ်းမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေ ပေါ်ပေါက်လာဖို့ ဘယ်လိုအကြောင်းဖန်လာခဲ့သလဲ။ ဘယ်သူ့ကြောင့် ဒီလို အောင်မြင်မှုတွေ ရရှိခဲ့သလဲ။ ကာယကံရှင်ကိုယ်တိုင်ကတော့ ဒီခံစားခွင့်ကို မရခဲ့ပေမဲ့ နောင်လာနောင်သား အမျိုးသမီးတွေ ခံစားခွင့်ရစေဖို့ သာမန် အမျိုးတစ်ဦးရဲ့ မလျှော့တဲ့ဇွဲနဲ့ ကြိုးပမ်းမှုအကြောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။
ကျား/မ တန်းတူ လစာရရှိရေး ကြိုးပမ်းဆောင်ရွက်ချက်
