သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလှမွေးငါးတမျိုးကြောင့် သန္တာကျောက်တန်းပျက်စီးနိုင်


သန္တာကျောက်တန်းတွေကို ပျက်စီးစေနိုင်တဲ့ Lionfish အလှမွေးငါး
သန္တာကျောက်တန်းတွေကို ပျက်စီးစေနိုင်တဲ့ Lionfish အလှမွေးငါး
Caribbean ပင်လယ်နဲ့ အမေရိကန် အတ္တလန်တိတ် ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ သန္တာကျောက်တန်းတွေဟာ အစားကြီးပြီး ရန်လိုတဲ့ lionfish ခေါ် အလှမွေးငါးမျိုးတွေ တိုးပွားလာနေတဲ့အတွက် ပြုန်းတီးပျက်စီးနိုင်တဲ့ အန္တရာယ် ကျရောက်နေပါတယ်။

အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတွေထဲမှာ မူရင်းပေါက်ဖွားလာတဲ့ အနီရောင် အစင်းအကြားရှိတဲ့ ဒီ အသားစားငါးဟာ လူကြိုက်များတဲ့ အလှမွေး ငါးတမျိုး ဖြစ်ပြီးတော့ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလတွေက အတ္တလန်တိတ်ရေပြင်ထဲကို ဒီငါးမျိုးတွေကို လူတွေက လွှတ်ခဲ့ပုံရပါတယ်။ ဆူးတောင်တွေရှိတဲ့ ဒီငါးတွေကို စားမယ့်သူမရှိတာနဲ့အမျှ Lionfish တွေဟာ အမြန်နှုန်းနဲ့ မျိုးပွားလာခဲ့ပြီး အတ္တလန်တိတ် သမုဒ္ဒရာတွင်း မူရင်းငါးမျိုးတွေရဲ့ အရေအတွက်ကို ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားစေခဲ့တာဖြစ်ပါတယ်။

ဖလော်ရီဒါကမ်းခြေ အနက်ပိုင်း ပေ ၃၀၀ နီးပါးအကွာလောက်မှာ သန္တာကျောက်တန်းတွေ အတုလုပ် ဖန်တီးပြီး စူးစမ်းလေ့လာမှုတခုရပ်ကို Oregon ပြည်နယ် တက္ကသိုလ်က မကြာသေးခင်က ပြုလုပ်ခဲ့ရာမှာ ဒီ ငါးမျိုးတွေဟာ မကြုံစဖူး တပေခွဲအထိ ကြီးထွားနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီငါးတွေဟာ မကြာခင်မှာ ရေနက်ပိုင်းကို ဝင်ရောက်လာပြီး အဲဒီမှာ နဂိုရ်ကရှိနေတဲ့ ငါးမျိုးတွေကို စားပစ်နိုင်တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။
XS
SM
MD
LG