သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Black List ပယ်ဖျက်စာရင်း ထုတ်ပြန်


အမည်မည်းစာရင်းထဲကနေ ပယ်ဖျက်လိုက်တဲ့သူတွေထဲမှာ အတိုက်အခံ အင်အားစုတွေထဲက အထင်ကရ ပုဂ္ဂိုလ်တချို့လည်းပါဝင်သလို နိုင်ငံခြားသား အတော်များများ ပါဝင်တယ်။
အမည်မည်းစာရင်းထဲကနေ ပယ်ဖျက်လိုက်တဲ့သူတွေထဲမှာ အတိုက်အခံ အင်အားစုတွေထဲက အထင်ကရ ပုဂ္ဂိုလ်တချို့လည်းပါဝင်သလို နိုင်ငံခြားသား အတော်များများ ပါဝင်တယ်။
မြန်မာနိုင်ငံအစိုးရက အမည်ပျက်စာရင်း Black List သွင်းထားတဲ့ ပုဂ္ဂိုလ် ခြောက်ထောင်ကျော် ရှိတဲ့အထဲကနေ ဒီစာရင်းထဲက ပယ်ဖျက်ပေးလိုက်တဲ့ အမည်စာရင်း နှစ်ထောင်ကျော် စာရင်းကိုတော့ ဒီကနေ့ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အခု နံမည်ပျက် စာရင်းထဲကနေ ပယ်ဖျက်လိုက်တဲ့သူတွေထဲမှာ အတိုက်အခံ အင်အားစုတွေထဲက အထင်ကရ ပုဂ္ဂိုလ်တချို့လည်း ပါဝင်သလို မြန်မာလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား အတော်များများပါဝင်တယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော် သမ္မတရုံးက အမည်ပျက်စာရင်းကနေ ပထမအသုတ်အဖြစ် ပယ်ဖျက်လိုက်တဲ့သူတွေထဲမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ရှေ့တန်းကနေ ရပ်တည်ပြီး အတိုက်အခံအဖြစ် လုပ်ဆောင်ခဲ့ကြသူ အတော်များများ ပါဝင်တာကို တွေ့ရပါတယ်။

အဓိကအားဖြင့်တော့ တချိန်က စင်ပြိုင်အစိုးရအဖြစ် နှစ်ပေါင်းအတော်ကြာ ရပ်တည်လာခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ်လည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တဝမ်းကွဲလည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်း၊ ညွှန်ပေါင်းအစိုးရအဖွဲ့ ထဲမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ကြီးတွေ၊ အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ဒင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား နှစ်ယောက်၊ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ တခြား အတိုက်အခံ အင်အားစု အတော်များများ အပြင် မြန်မာလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားတွေ၊ ပြည်ပ သတင်းဌာနတွေက သတင်းထောက်တွေ ပါဝင်ပါတယ်။

အရင်စစ်အစိုးရလက်ထက်ကစလို့ ပြည်တော်ပြန်ချင်ကြတဲ့ မြန်မာနိုင်ငံသားတွေပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေပဲဖြစ်ဖြစ် သက်ဆိုင်ရာ သံရုံးအသီးသီးမှာ ပြည်ဝင်ခွင့် ဗီဇာကို သွားလျှောက်ကြတဲ့အခါ ထောက်လှမ်းရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ဒီ အမည်ပျက်စာရင်းနဲ့ တိုက်ကြည့်ပြီး ဒီစာရင်းထဲ မပါတော့မှသာ ပြည်ဝင်ခွင့် ဗီစာကို ထုတ်ပေးလေ့ရှိတာပါ။

အခုတော့ ဒီအမည်ပျက်စာရင်းကနေ ပယ်ဖျက်ခံရပြီးသူတွေအနေနဲ့ မြန်မာနိုင်ငံကို သွားလိုက သွားခွင့်ရကြတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်နံမည် ဒီစာရင်းထဲမှာ မပါသေးဘူး၊ သံရုံးတွေမှာ ဗီဇာလျှောက်ရတာ အခက်အခဲရှိတယ်ဆိုရင် နောင်မှာ သမ္မတထံ တိုက်ရိုက် စာရေးပြီးတော့ မိမိတို့အခက်အခဲတွေကို တင်ပြနိုင်အောင် Drop Box လို့ခေါ်တဲ့ တိုင်ကြားစာ ရေးလို့ရတဲ့နေရာတခု သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြပေးထားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“ဒီဖျက်တဲ့အထဲမှာ မပါသေးဘူးပေါ့နော် ဆိုရင် ရတယ် နောက်ဆို ကျနော်တို့ ဝဘ်ဆိုက်ဒ်ထဲမှာ နောက်ဆို Beta version ကနေ upgrate သွားဖို့ လုပ်နေတယ်။ အဲ့တာပြီးရင်တော့ Mail Boxတွေ ဖွင့်ထားမယ်။ အဲ့ဒီ့မှာ တကယ်လို့ ကိုယ့်နံမည် Black Lists ထဲမှာ ပယ်ဖျက်တဲ့ အထဲမှာ မပါသေးဘူးဆိုရင် အကြောင်းအကျိုး ဖော်ပြပြီး ကျနော်တို့ဆီ တိုက်ရိုက် အဲ့လို လှမ်းပြီးတော့ ဆက်သွယ် အကြောင်းကြားလို့ရပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ တိုက်ရိုက် တင်ပြချင်တယ်ဆိုရင် သံရုံးတွေကတဆင့် တင်ပြနေမှာဆိုရင် ကြန့်ကြာမှာ စိုးရိမ်တယ်ဆိုရင် ကျနော်တို့ တိုက်ရိုက် သမ္မတထံ ပေးစာသဘောမျိုး ဖွင့်ပေးသွားမှာပါ။ သမ္မတကြီးထံပေးစာသဘောမျိုးပေါ့နော် အဲ့ဒီ့မှာ ကျနော်တို့ Box လေးဖွင့်ထားမယ် ကိုယ်ရေးချင်တာရေး မေးလ်ပို့သလိုပေါ့နော်။ အဲ့ဒီ့မှာ ကျနော်တို့လက်ခံပြီးတော့ သပ်သပ်အဖွဲ့ ဖွဲ့ပြီးတော့ အဲ့စာတွေကို စိစစ်ပြီးတော့ တင်ပြသွားမှာပါ။”

အခုလို အမည်ပျက်စာရင်းအတွက်သာမဟုတ်ပဲ အဲဒီ တိုင်ကြားစာ ရေးတဲ့နေရာမှာ တခြား အစိုးရကို အကြံပေးချင်တာတွေ၊ မြန်မာသံရုံးတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ အဆင်မပြေမှု ဖြစ်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း အကြံပြုတင်ပြနိုင်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အဆင့်ဆင့်ပေါ့နော်။ အဆင့်ဆင့် နောက်ဆုံး တချို့ဟာတွေဆို ကျနော်တို့က မူဝါဒခံပြီးတော့ နောက်အခုဆို သမ္မတရုံးဝန်ကြီးတွေလည်း ထပ်တိုးလာပြီပေါ့နော်။ နောက်သမ္မတရုံး ဒုဝန်ကြီးတွေရှိလာပြီ။ အဆင့်ဆင့်ပေါ့နော်။ တင်ပြပေးသွားမှာပါ။ အကယ်၍ နိုင်ငံခြားမှာရှိတဲ့ သံရုံးတွေမှာ လုပ်ငန်းဆောင်ရွက်ရတာ အဆင်မပြေဘူး။ ဒီလိုပေါ့နော်။ ကြိုးနီတွေရှိနေတယ်။ ဘယ်သံရုံးမှာတော့ ဘယ်လိုဖြစ်ပါတယ်။ ဘာညာဆို ရပါတယ်။ အကယ်၍ ကြုံခဲ့တယ်ဆိုရင် အဆင်မပြေတာတွေ ကြုံခဲ့တယ်ဆိုရင် တိုက်ရိုက်အကြံပြုစရာတွေရှိတယ်ဆိုရင် ဘာတော့ ဘယ်လိုဖြစ်နေတယ် ဒါတော့ အကြံပြုချင်ပါတယ်။ ကျနော်တို့ အဲ့ဒီ့Box ထဲမှာ ထည့်လို့ရပါတယ်။ Mail Box”

ခေတ်အဆက်ဆက် အစိုးရတွေလက်ထက်မှာ သတ်မှတ်ထားတဲ့ခဲ့ အမည်ပျက်စာရင်း (၆၁၆၅) ဦးရှိတဲ့အထဲက ၂၀၈၂ ဦးကိုသာ ပယ်ဖျက်သေးတာ ဖြစ်တဲ့အတွက် ကျန်နေသေးတဲ့ (၄၀၈၃) ဦးရဲ့ အမည်စာရင်းကိုလည်း အမြန်ဆုံး စိစစ်ပြီး တင်ပြသွားနိုင်အောင် စီစဉ်နေတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပြပါတယ်။

“ဒါတော့ Review ပြန်လုပ်တဲ့ ပထမအဆင့်ပေါ့နော်။ နောက်ပိုင်းလည်း Review ပြန်လုပ်တဲ့ Process က ရှိနေမှာပါ။ ဟုတ်ကဲ့ Update လုပ်နိုင်အောင် ကျနော် ဆက်လုပ်သွားမှာပါ။ ထပ်တိုးဖို့ပေါ့နော်။”

အခု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးရဲ့ အဆိုအရကတော့ သမ္မတရဲ့ အင်တာနက်စာမျက်နှာမှာ ၂ သုတ်ခွဲပြီး ဖော်ပြထားတဲ့ အမည်စာရင်းထဲမှာ မပါသူတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် အမည်ပျက်စာရင်းမှာ ပါနေသေးတယ်လို့ သိထားရင်၊ ဒါမှမဟုတ် သက်ဆိုင်ရာ သံရုံးအသီးသီးရဲ့ ဗီဇာလျှောက်လွှာ ငြင်းပယ်ခြင်း ခံထားရဘူးရင် သမ္မတရဲ့ ဝက်ဘ်ဆိုက်မှာ မကြာခင် ပြုလုပ်ပေးမယ့် အကြံပြုခွင့် Drop Box ထဲမှာ စာရေး အသိပေးနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အကြံပြု၊ တိုင်ကြားခွင့်ရှိတဲ့ Drop Box ကို ဘယ်အချိန်မှာ ပြုလုပ်ပေးမယ်ဆိုတဲ့ ရက်အတိအကျ သတ်မှတ်ထားတာမျိုးတော့ မရှိသေးပါဘူး။
XS
SM
MD
LG