သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအသစ်အပေါ် လူထုအမြင်


သမ္မတဦးထင်ကျော်
သမ္မတဦးထင်ကျော်

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာခဲ့ပါပြီ၊ ပြည်သူတွေရွေးချယ်ခဲ့တဲ့ NLD အစိုးရလက်ကို တိုင်းပြည်တာဝန်တွေ ကျရောက်လာတဲ့အပေါ် ပြည်သူတွေရဲ့ သဘောထား မျှော်လင့်ချက်တွေ ဘယ်လိုရှိပါသလဲဆိုတာကို တင်ပြထားပါတယ်။

စာရေးဆရာ ချစ်ဦးညို

“သိုသိုသိပ်သိပ်နေတတ်တယ်။ ရိုး ဂုဏ်ရှိတယ်။ စာရေးဆရာ ဖြစ်တယ်။ အရပ်သားဖြစ်တယ် ။ မျိုးရိုးကောင်းတယ်။ စသည် ပြီးတော့ သူ ကျမ်းကျိန်တဲ့ မိန့်ခွန်းထဲမှာပြောသွားတာရှိသေးတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့အညီ ဖြစ်အောင် အခြေခံဥပဒေကို ရေးဆွဲဖို့ရှိပါတယ် ဆိုတာကလည်း အင်မတန်အားကိုးစရာကောင်းတဲ့ စကားပဲ ။ အဲလိုအကြောင်းပေါင်းများစွာ ပြန်ကြည့်တဲ့အခါမှာ ဦးထင်ကျော်သမ္မတဖြစ်ခြင်းဟာ လူသာဓုခေါ်၊ နတ်သာဓုခေါ် အကြောင်းအရာတခုဖြစ်တယ်လို့ပြောချင်ပါတယ်။”

ရန်ကုန်မြို့ခံ ကိုညီ

“ဒီနေ့တော့ အထွေအထူးပြောစရာမလိုဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လိုချင်တဲ့ ရလဒ်တခုကိုရတဲ့အတွက် စိတ်အချမ်းသာဆုံးပဲ အပျော်ရွှင်ဆုံးပဲ ဘဝမှာ ဒီထက်ပျော်တာ ဘာမှမရှိဘူး။

ဈေးကွက်ဖြန့်ချီရေးတာဝန်ခံ မစုလဲ့ဖြူ

“ပထမဦးဆုံးအနေနဲ့တော့ အမတို့ ဝမ်းသာတာပေါ့နော်။ ဒါ့အပြင် သူ့ဘက်က အမတို့မျှော်လင့်တာက ကြီးမားတဲ့ပြောင်းလဲမှုပေါ့။ ဒါပေမယ့် ကြီးမားတဲ့ပြောင်းလဲမှုဆိုတဲ့နေရာမှာ အဓိကတော့ ဒါအများလည်းသိကြတဲ့အတိုင်းပေါ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေလုပ်ဖို့အတွက် အမတို့ကမျှော်လင့်တယ်။ ပြီးတော့ သမ္မတကြီး ဦးထင်ကျော် သမ္မတဖြစ်လာတဲ့အပေါ်မှာလည်း ကြိုဆိုတယ်။ အကောင်းတွေဖြစ်လာမယ်လို့လည်း မျှော်လင့်ထားတယ်ပေါ့။ ပြီးတော့ အမတို့က တောင်သူနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာလည်း ပြောင်းလဲလာမယ်လို့မျှော်လင့်တယ်။ ဒါတောင်သူဆိုတာ အမတို့ရဲ့ ကျေးဇူးရင်ပဲလေ။ ဒါကြောင့် တောင်သူတွေရဲ့ အခန်းကဏ္ဍကိုလည်း လစ်လျှူမရှု့ထားစေချင်ဘူး လို့ အမက ထင်တယ်ပေါ့လေ။

အငှားယာဉ်မောင်း ဦးမောင်မောင်လွင်

“ဒီနိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီက တင်မြှောက်ခဲ့တဲ့ အရပ်သားစစ် စစ် သမ္မတတယောက် ။ ကျနော်တို့မျှော်လင့်ခဲ့တဲ့ သမ္မတတယောက်ကို အခုအချိန်မှ ပထမဆုံးတာဝန်ထမ်းဆောင်ရမှာဆိုတော့ ကျနော့်အနေနဲ့ရော၊ မြန်မာပြည်သူတွေအားလုံးအတွက်ရောအများကြီးဝမ်းသာပါတယ်။

အငြိမ်းစားဝန်ထမ်း ဦးထွန်းကျော်

“အရပ်သားအစိုးရ စစ်စစ်ပေါ့ အခု သမ္မတအနေနဲ့ဆိုတော့ ကျနော်တို့ကတော့ ပွင့်လင်း မြင်သာမှုရှိလာမယ်။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံက စီးပွားရေး ကိစ္စမှာလည်း ပွင့်လင်းမြင်သာမှုရှိလာမယ်။ နောက်ပြီးတော့ တခြားနိုင်ငံတွေက ရင်းနှီးမြုပ်နှံလို့ လုပ်တဲ့ အလုပ်တွေရှိတယ်။ ဥပမာ အိမ်နီးနားချင်းနိုင်ငံကပဲ အဲဒီကိစ္စတွေလည်း ပွင့်လင်းလာမယ်။ နောက်ပြီးတော့ တိုင်းနဲ့ပြည်နယ်တွေကလည်း တိုးတက်လာမယ်လို့ အများကြီးယုံကြည်တယ်။

ရန်ကုန်မြို့ခံ ဦးကောက်

“အခုဟာက အစိုးရကိုလည်းပြောလို့မရဘူး။ ကျနော်တို့ပြည်သူတွေကိုလည်း ပြောလို့မရဘူး။ နှစ်ဖက် ကောင်းရမယ်။ မင်းလဲကောင်းရမယ် ပြည်သူတွေလည်းကောင်းရမယ်။ နှစ်ဖက်လုံးက ကောင်းမှ ဒီတိုင်းပြည်က တိုးတက်မှာပါ။ မင်းပဲ ကောင်းလို့မရဘူး။ ပြည်သူတွေပဲကောင်းလို့မရဘူး။ အခုက ပြည်သူတွေကမကောင်းဘူး အခုဒီမင်းက လောလောဆယ် ကျနော်တို့က မဆက်ဆံရသေးတော့ မသိသေးလို့ပါ။ ကောင်းဖို့ကတော့ များပါတယ် ဘာဖြစ်လို့လဲဆိုတော့ သူ့လုပ်ဆောင်ချက်တွေအကုန်လုံးက အများပြည်သူတွေ့အောင် သူလုပ်ပေးသွားတယ်။ အဲဒါကြောင့်ကောင်းဖို့အတွက်က percentage များပါတယ်။ လုံး၀ ယုံကြည်ပါတယ်။”

အငှားယာဉ်မောင်း ဦးလှဝင်းစိုး

“သမ္မတကို ပြည်သူလူထု လက်လုပ်လက်စားတွေပေါ့နော် ၊ အောက်လက်ငယ်သားတွေအဆင်ပြေအောင်လို့ လုပ်ပေးနိုင်အောင်လို့ ကြိုးစားစေချင်ပါတယ်။”

ရန်ကုန်မြို့ခံ ကိုညီ

“အခုဟာက ကျနော်တို့ ပြည်သူပြည်သားတွေဟာ ဒေသတွင်းနိုင်ငံတွေအားလုံးမှာဆိုရင်တော့ အဆင်းရဲဆုံးနိုင်ငံဖြစ်တယ်ပေါ့နော်။ အဲတော့ ပြည်သူတွေဆင်းရဲမှုကနေ တိုးတက်လာတဲ့ ဘဝလေးဖြစ်အောင်တော့ ဘက်ပေါင်းစုံကနေ စီစဉ်ဆောင်ရွက်ပေးစေချင်တာပေါ့နော်။”

အငြိမ်းစားဝန်ထမ်း ဦးထွန်းကျော်

“ကျနော်ကတော့ အဓိက ပထမဆုံး နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာကတော့ တိုင်းပြည်တခုလုံးမှာဖြစ်နေတဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးပေါ့လေ။ အဲဒီကိစ္စကို ပထမဆုံးကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားဖို့အတွက် ဆက်ပြီးတော့ အဲဒါကို အကောင်းဆုံးလုပ်စေချင်တယ်။”

XS
SM
MD
LG