သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်မှုတွေကြားကပဲ လန်ဒန်မာရသွန်ပွဲ ပြုလုပ်


လန်ဒန် မာရသွန်မြင်ကွင်းတရပ်။ (ဧပြီလ ၂၁ ရက်၊ ၂၀၁၃)
လန်ဒန် မာရသွန်မြင်ကွင်းတရပ်။ (ဧပြီလ ၂၁ ရက်၊ ၂၀၁၃)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ထောင်ချီပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မာရသွန် ပြေးပွဲမစခင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဘော်စတွန် မာရသွန်ပွဲဗုံးပေါက်ကွဲမှုမှာ သေဆုံးထိခိုက်သူတွေအတွက် စက္ကန့် ၃၀ ငြိမ်သက်ဂုဏ်ပြုခဲ့ပါတယ်။

Gereenwich က တာထွက်ပြီး လန်ဒန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Tower Bridge တံတား၊ ပါလီမန်အဆောက်အဦး အစရှိတဲ့နေရာတွေကို ဖြတ်ကာ Buckingham နန်းတော်ရှေ့ ပန်းတိုင်အထိ မိုင်ပေါင်း ၂၆ မိုင်ရှည်တဲ့ ပြေးလမ်းတလျှောက်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားပါတယ်။ အနံ့ခံခွေးတွေနဲ့ ရဲသား ရာနဲ့ချီကလည်း မသင်္ကာတဲ့ အထုတ်တွေကို စစ်ဆေးရှာဖွေခဲ့ကြပါတယ်၊။

ဘော်စတွန်မှာ ဗုံးကွဲထားတဲ့အတွက် စိုးရိမ်ပေမဲ့ ဘော်စတွန် မာရသွန် အပြေးသမားတွေနဲ့ စည်းလုံးမှုရှိတယ်ဆိုတာကို ပြသချင်တဲ့အတွက် မာရသွန်ပြိုင်ပွဲကိုဝင်ရတာဖြစ်တယ်လို့ အပြေးသမားတော်တော်များများက ပြောကြပါတယ်။ ကင်ညာနိုင်ငံက Priscah Jeptoo က အမျိုးသမီးပွဲအတွက် ရွှေတံဆိပ်ရခဲ့သလို Ethiopian နိုင်ငံက Tsegaye Kebede က အမျိုးသားပွဲအတွက် ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ဆုရရှိသူတွေကို တော်ဝင်မင်းသား Harry က ဆုချီးမြှင့်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က လန်ဒန်မာရသွန်မှာ လူပေါင်း ၃ သောင်း ၄ ထောင်လောက် ဝင်ပြီးပြေးခဲ့ကြပါတယ်။ ဘော်စတွန်ဗုံးခွဲမှုမှာ သေဆုံး ထိခိုက်သူတွေအတွက် အပြေးသမားတယောက် ပန်းဝင်တိုင်း ရန်ပုံငွေ ၃ ဒေါ်လာ လှူမယ်လို့ လန်ဒန်မာရသွန် စီစဉ်သူတွေက ပြောပါတယ်။
XS
SM
MD
LG