သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၁ ရက်နေ့မြောက် အိုလံပစ် ဗြိတိန် ရွှေတံဆိပ်ဆုတွေရ


အားကစားသုံးမျိုးစုံပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးသွား သည့် ဗြိတိန် အိုလံပစ်အားကစားသမား Alistair Brownlee။ သြဂုတ် ၇၊ ၂၀၁၂။
အားကစားသုံးမျိုးစုံပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးသွား သည့် ဗြိတိန် အိုလံပစ်အားကစားသမား Alistair Brownlee။ သြဂုတ် ၇၊ ၂၀၁၂။
သြဂုတ်လ ၇ ရက်နေ့မှာ ကျင်းပနေဆဲ အကြိမ် ၃၀ မြောက် လန်ဒန် နွေရာသီ ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်မှာ အိမ်ရှင် ဗြိတိန်အသင်း အကြီးအကျယ် အောင်ပွဲရခဲ့ပါတယ်။
ပြေးခုန်ပစ် ပြိုင်ပွဲ အမျိုးသား သုံးမျိုးစုံပြိုင်ပွဲမှာ ဗြိတိန်က ရွှေတံဆိပ်ရရှိခဲ့ပြီး အသင်းလိုက် ပြိုင်ပွဲတွေဖြစ်တဲ့ စက်ဘီး၊ မြင်းစီးနဲ့ ရွက်လှေပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်တွေ ရရှိခဲ့ကြပါ တယ်။
မနေ့က ဗြိတိန်အသင်းဟာ ရွှေတံဆိပ် ၂၂ ခုအထိ ရရှိခဲ့ပြီးတော့ ၂၀၀၈ ခုနှစ်၊ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာရရှိတဲ့ ရွှေတံဆိပ်ထက် အရေအတွက် ပိုမိုပါတယ်။ စက်ဘီးပြိုင်ပွဲကျင်းပတဲ့ လန်ဒန်က Velodrome မှာတော့ ဗြိတိန်နိုင်ငံအလံဖြစ်တဲ့ Union Jack အလံကို ဝှေ့ယမ်းပြီး အိမ်ရှင် ဗြိတိန်နိုင်ငံသား ပရိသတ်တွေ ပျော်ရွှင်နေကြပါတယ်။
ဗြိတိန် စက်ဘီးပြိုင်ပွဲဝင် အားကစားသမား Chris Hoy က ဒီအိုလံပစ်ပွဲမှာတင် ရွှေတံဆိပ် ၆ ခု ရရှိထားပြီဖြစ်ပါတယ်။
တရုတ်အသင်းဟာလည်း ဂျွမ်းဘားပြိုင်ပွဲမှာ နောက်ထပ် ရွှေတံဆိပ် ၂ ခုကို ရရှိခဲ့ပါတယ်။ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲမှာတော့ အယ်လ်ဂျီးရီးယားနိုင်ငံက Taoufik Makhloufi က ရွှေတံဆိပ်ရခဲ့ပါတယ်။
အမျိုးသမီး မီတာ ၁၁၀ တန်းကျော်ပြေးပွဲမှာ သြစတြေးလျက ရွှေတံဆိပ်ရပြီးတော့ ဒါဟာ သြစတြေးလျအတွက် လေးခုမြောက် ရွှေတံဆိပ်ဖြစ်ပါတယ်။
သြဂုတ်လ ၇ ရက်အထိ တရုတ်နိုင်ငံက ရွှေတံဆိပ် ၃၄ ခုနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး အမေရိကန်က ရွှေတံဆိပ် ၃၀ နဲ့ ဒုတိယ၊ အိမ်ရှင်ဗြိတိန်က ရွှေတံဆိပ် ၂၂ ခုနဲ့ တတိယနေရာမှာ အသီးသီး ရရှိနေကြပါတယ်။
XS
SM
MD
LG