ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲ နောက်ဆုံးနေ့မှာ အမေရိကန်အသင်းက ရွှေတံဆိပ် ၄၆ ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၁၀၄ ခုနဲ့ ဗိုလ်စွဲခဲ့ပါတယ်။ တရုတ်အားကစားအသင်းက ရွှေတံဆိပ် ၃၈ ခုအပါအဝင် ဆုပေါင်း ၈၇ ခုနဲ့ ဒုတိယ၊ ရုရှအသင်းက တတိယနဲ့ အိမ်ရှင် ဗြိတိန်အသင်းက စတုထ္ထ အသီးအသီး ရရှိခဲ့ပါတယ်။
အိုလံပစ် ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့မှာ ယူဂန်ဒါနိုင်ငံသား Stephen Kiprotic က အမျိုးသား မာရသွန်ပြိုင်ပွဲမှာ မျှော်လင့် မထားဘဲ ၂ နာရီ ၈ မိနစ် နဲ့ ၁ စက္ကန့်နဲ့ ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။ အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲမှာလည်း နာမည်ကြီး အမေရိကန်အသင်းက စပိန်အသင်းကို ၁၁၈ မှတ် ၁၀၇ မှတ်နဲ့ နိုင်ပြီး ပထမ ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို “A Symphony of British Music” ဆိုတဲ့ နံမည်ကျော် လူကြိုက်များလှတဲ့ ဗြိတိန် သံစုံတေးဂီတ ဝိုင်းကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။ ဗြိတိန်က နံမည်ကြီး အနုပညာရှင်တွေ ဖြစ်ကြတဲ့ Adele, Elton John, George Michael, Annie Lennox နဲ့ the Pet Shop Boys တို့က ၃ နာရီကြာ ပိတ်ပွဲအခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ် အိုလံပစ်အားကစားပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘရာဇီးလ်နိုင်ငံကလည်း ရိုးရာ ပွဲတော်ပုံစံ၊ ဗုံတွေတီး၊ အကအလှမျိုးစုံနဲ့ ပိတ်ပွဲအခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။