သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး ဦးသိန်းစိန်ဖြေရှင်းဖို့ အထက်လွှတ်တော်အမတ် Lugar တောင်းဆို


အမေရိကန် အထက်လွှတ်တော်အမတ် Richard Lugar
အမေရိကန် အထက်လွှတ်တော်အမတ် Richard Lugar
နျူကလီယားဆိုင်ရာ ကုန်ကြမ်းတွေဖြစ်ဖွယ်ရှိတဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်းခဲ့ တယ်ဆိုတဲ့ ကုန်တင်ပင်လယ်ကူးသင်္ဘောကိစ္စနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်အနေနဲ့ ဖြေရှင်းချက်ပေးပါရန် Republican အထက်လွှတ်တော်အမတ်တဦးက တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကနေ ယူရေနီယံသန့်စင်ဖို့ ဒါမှမဟုတ် Missile ဒုံးလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ ကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကိုတင်ပို့ဖို့ကြိုးစားခဲ့တယ်လို့ ဂျပန် Ashi Shimbun သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မေတ္တာရပ်ခံချက်အရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အဲဒီသင်္ဘော ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ခရီးတထောက်ရပ်နားစဉ် ဂျပန်တာဝန်ရှိသူတွေက တက်ရောက်စစ်ဆေးစဉ် သတ္တုပိုက်တွေနဲ့ အဆင့်မြင့် Aluminium Alloy အခွေ တွေကိုသိမ်းဆည်းခဲ့ကြပါတယ်။

အမေရိကန်လွှတ်တော်မှာ နျူကလီယားလက်နက်မပြန့်ပွားရေး ဦးဆောင်ဆော်သြနေတဲ့ အထက်လွှတ်တော်အမတ် Richard Lugar က သမ္မတဦးသိန်းစိန်အနေနဲ့ အဲဒီ သင်္ဘောပါ ကုန်ပစ္စည်းကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောဆိုပါရန်တိုက်တွန်းတဲ့စာတစောင် အင်္ဂါနေ့ကပေးပို့လိုက်တယ်လို့ AP သတင်းမှာဖေါ်ပြထားပါတယ်။

ဒီသင်္ဘောမှာတင်လာတဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ အသုံးပြုမှာလဲဆိုတဲ့ အကျိုးသက်ရောက်မှုဟာ အာယံဒေသတခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရိုက်ခတ်
တယ်ဆိုတာကိုလည်း အထက်လွှတ်တော်အမတ် Richard Lugar ရဲ့ စာထဲမှာဖေါ်ပြထားပါတယ်။
XS
SM
MD
LG