သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လပေါ် လူသားခြေချနိုင်တာ ၄၅ နှစ်ပြည့်ပြီ


ဂျူလိုင် ၂၀ ရက် ဒီကနေ့ဟာ လူသားတွေ လကမ္ဘာပေါ် ခြေချနိုင်ခဲ့တာ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

အမေရိကန် အာကာသယာဉ်မှူးတွေ လွန်ခဲ့တဲ့ ၄၅ နှစ်က လကမ္ဘာပေါ် လူတယောက် ခြေချနိုင်ခဲ့တာဟာ လူသားထုတရပ်လုံးအတွက် ကြီးမားတဲ့ အောင်မြင်မှုတရပ်လို့ ၁၉၆၉ ခု ဂျူလိုင် ၂၀ ရက်နေ့က လမျက်နှာပြင်ပေါ်မှာ ပထမဦးဆုံး ခြေချလမ်းလျှောက်ခဲ့သူ အာကာသယာဉ်မှူး Neil Armstrong က ပြောပါတယ်။

မိနစ်အနည်းငယ်အကြာမှာ ဒုတိယခြေချခဲ့သူက နောက် အာကာသယာဉ်မှူး Edwin Buzz Aldrin ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် ဝန်းကျင်ဟာ အမေရိကန် ပြည်ထောင်စုအတွင်း စိတ်လှုပ်ရှားစရာ နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကြောင့် နိုင်ငံတဝှမ်း စိတ်ဝမ်းကွဲနေချိန်ဖြစ်ပြီး ၁၉၆၈ မှာ သမ္မတကနေဒီနဲ့ လူမည်းခေါင်းဆောင် မာတင်လူသာကင်းတို့ အလုပ်ကြံ ခံရတဲ့နောက်ပိုင်း လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေနဲ့ တနိုင်ငံလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေ ချိန်မှာပဲ သမိုင်းတွင်တဲ့ဖြစ်ရပ်အဖြစ် ဂျူလိုင်လထဲမှာ အမေရိကန် ရုပ်သံတွေက အပိုလို (၁၁) အာကာသယာဉ်နဲ့ လိုက်ပါသွားတဲ့ယာဉ်မှူးတွေ လပေါ်ခြေချတာကို ပြသနိုင်ခဲ့ကြတာပါ။

လပေါ် လူသားခြေချတာကို ကမ္ဘာတဝှမ်း ကြည့်ရှုခဲ့သူ သန်းပေါင်း ငါးရာကျော်မယ်လို့ NASA က ခန့်မှန်းထားပါတယ်။ နာဆာအာကာသ ယာဉ်မှူးတွေဟာ အကြိမ်ကြိမ် လပေါ်သွားခဲ့ကြပေမယ့် ၁၉၇၂ ခုအထိတော့ လူသားတွေ နောက်ထပ် ခြေမချနိုင်ခဲ့ကြပါဘူး ။

XS
SM
MD
LG