သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး သတ္တိရှင်ဆု မေစပယ်ဖြူ လက်ခံရယူ


Iranian Shi'ite Muslims mourn after covering themselves with mud during Ashoura rituals, in Khorramabad. Shi'ites mark Ashoura, the 10th day of the Muslim month of Muharram, to commemorate the martyrdom of Imam Hussein, a grandson of Prophet Muhammad and one of Shiite Islam's most beloved saints, during the 7th century Battle of Karbala in present-day Iraq.
Iranian Shi'ite Muslims mourn after covering themselves with mud during Ashoura rituals, in Khorramabad. Shi'ites mark Ashoura, the 10th day of the Muslim month of Muharram, to commemorate the martyrdom of Imam Hussein, a grandson of Prophet Muhammad and one of Shiite Islam's most beloved saints, during the 7th century Battle of Karbala in present-day Iraq.

မတ်လ(၆)ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုပေးပွဲအခမ်းအနားမှာ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူ တက်ရောက်ပြီး ဆုကို လက်ခံရယူခဲ့ပါတယ်။ သူနဲ့အတူ ကိုဆိုဗို၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘိုလီဗီယား၊ ဂီနီ၊ ဗဟို အာဖရိက သမ္မတနိုင်ငံက အမျိုးသမီးဆုရှင် (၁၀)ဦးကို အမေရိကန်အစိုးရက ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ကချင်တိုင်းရင်းသူ မမေစပယ်ဖြူကို ၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု လက်ခံရယူဖို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Higginbottom ကကြေညာသွားတာပါ။

မမေစပယ်ဖြူဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နဲ့ ကျား မ တန်းတူ အခွင့်အရေးအတွက် ထူးထူးချွန်ချွန်လှုပ်ရှားခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စု က ဂုဏ်ပြုချီးမြှင့်လိုက်တာဖြစ်တယ်လို့ Higginbottom ကပြောသွားပါတယ်။

ကျားမတန်းတူညီမျှရေးကွန်ယက်၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်နဲ့ ကချင် အမျိုးသမီးငြိမ်းချမ်းရေး ကွန်ယက်တွေမှာ ဦးဆောင်လှုပ်ရှားနေသူ မမေစပယ်ဖြူဟာ အမျိုးသမီးတွေနဲ့ တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံရေးကို ပပျောက်အောင်၊ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် အခြားလူထု အခြေပြု အဖွဲ့အစည်း (၉၀)ကျော်က ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက အခမ်းအနားမှာ ပြောသွားပါတယ်။

မတ်လ (၈)ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် အစိုးရက ၂၀၀၇ ခုနှစ်ကစပြီး အမျိုးသမီးသတ္တိရှင် (၁၀)ဦးကို နှစ်စဉ်ကို ဂုဏ်ပြုချီးမြှင့်နေတာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မှာ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်သူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်က ပထမဆုံးအကြိမ် မြန်မာအမျိုးသမီးတဦးအနေနဲ့ ဒီဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၁၅ အမျိုးသမီးသတ္တိရှင်ဆုရွေးချယ်ခံရတာနဲ့ ပတ်သက်လို့ မမေစပယ်ဖြူက အခုလိုပြောပြပါတယ်။

"ကျမတို့မြန်မာနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကနေ တားဆီးကာကွယ်နိုင်တဲ့ ဥပဒေလို့ ပြောလို့ရမယ့် ဥပဒေမူကြမ်း တခုဖြစ်ပေါ်လာရေး အတွက် အစိုးရနဲ့ရော ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ပါ အမျိုးသမီးအဖွဲ့တွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်းပြီးတော့ ဒီဥပဒေမူကြမ်း ရေးဆွဲနိုင်ဖို့ အတွက် ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်နေမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ရွေးချယ်တယ်လို့ ကျမက ယူဆပါတယ်။ ပြီးတော့ ကျမတို့ ကချင်ဒေသမှာရှိတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက်ကို ကမ်ပိန်းတွေ အများကြီး လုပ်ဆောင်ခဲ့တာတွေပေါ့။ အဓိကကတော့ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုခံရတဲ့ကိစ္စတွေ၊ ပြီးတော့ တရားစွဲဆိုခံရမှုကိုလည်း ကျမတို့အနေနဲ့ တစ်နှစ်ကျော်ကြာတဲ့အထိ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့ရတယ်။ ပြီးတော့ ဘယ်လောက်ပဲ အန္တရာယ်ပြုမှုတွေ ခြိမ်းခြောက်ခံရမှုတွေ ရှိစေကာမူ၊ ဒါကို မကြောက်မရွံ့ရှေ့တန်း ကနေ ရပ်နိုင်ခဲ့တယ်လို့ သူတို့အနေနဲ့ ယူဆတဲ့ အတွက်ကြောင့် ရွေးချယ်တာဖြစ်တယ်လို့ ကျမကတော့ ထင်မိပါတယ်။"

အခြား ၂၀၁၅ဆုရှင်တွေဖြစ်တဲ့ ကိုဆိုဗို၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘိုလီဗီယား၊ ဂီနီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံက အမျိုးသမီးတွေဟာဆိုရင်လည်း နယ်ပယ်ပေါင်းစုံမှာ အမျိုးသမီးအခွင့်အရေးအတွက် ထူးထူးချွန်ချွန်နဲ့ အနစ်နာခံဆောင်ရွက်ခဲ့ကြသူတွေဖြစ်ပါတယ်။

အာဖနစ္စတန် အမျိုးသမီးဆိုရင် ပထမဆုံး အာဖဂန်လေယာဉ်မောင်းသူ တဦးဖြစ်ပါတယ်။ ဂီနီအမျိုးသမီးဆုရှင် ဆိုရင်လည်း သူနာပြုဆရာမတဦးအနေနဲ့ အီဘိုလာရောဂါသည်တွေကို ပြုစုကုသပေးခဲ့သူတဦးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးဆုရှင်ဆိုရင်လည်း သတင်းထောက်တစ်ဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်ခံရတာကနေ အသက်ဘေးကနေ လွတ်မြောက်ခံရသူဖြစ်ပါတယ်။

ဒီနှစ်ဆုပေးပွဲအခမ်းအနား ကျင်းပမယ့်ရက်ဟာ မတ်လ (၅)ရက် နေ့ဖြစ်ပေမယ့် ဝါရှင်တန်ဒီစီမြို့တော်မှာ နှင်းမုန်တိုင်းကျနေတာကြောင့် မတ်လ (၆)ရက် သောကြာနေ့ကို ရွှေ့ခဲ့ရပြီး နဂိုစီစဉ်ထားတဲ့ အမေရိကန်သမ္မတကတော် မီရှယ်လ်အိုဘာမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ တက်ရောက်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

XS
SM
MD
LG