သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား တိုက်ခိုက်မူ ကြောင့် Damascus မှာ လူ၃၅ဦးသေဆုံး


အတိုက်အခံ သူပုန်တွေရှိရာ ပတ်ဝန်းကျင်အရပ်တွေကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုကတည်းက၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေယာဉ်ပေါ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ပါတယ်။
အတိုက်အခံ သူပုန်တွေရှိရာ ပတ်ဝန်းကျင်အရပ်တွေကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုကတည်းက၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေယာဉ်ပေါ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ပါတယ်။
ဆီးရီယားနိုင်ငံမြို့တော် ဒမတ်စကဒ်မှာ ဆီးရီယားအစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ထပ်လုပ်ဆောင်နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူအနည်းဆုံး ၃၅ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

အစိုးရဆန့်ကျင်ရေး သူပုန်တပ်တွေ လှုပ်ရှားနေကြတဲ့ Kfar Souseh Daraya နဲ့ အခြားတောင်ပိုင်းခရိုင်တွေမှာ မနေ့က ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာလို့ ဗြိတိန်အခြေစိုက် ဆီးရီယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အတိုက်အခံ သူပုန်တွေရှိရာ ပတ်ဝန်းကျင်အရပ်တွေကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုကတည်းက၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေယာဉ်ပေါ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လ စစ်ဆင်ရေးအတွင်း မြို့ကို စွန့်ခွာသွားတဲ့သူပုန်တွေ မြို့ထဲ ပြန်ဝင်လာကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ပြင်သစ်အနေနဲ့ ဆီးရီယားသူပုန်တွေကို တိုက်ခိုက်ရေးလက်နက်ပစ္စည်းမဟုတ်တဲ့ - ဆိုလိုတာကတော့ ဆက်သွယ်ရေးနဲ့ ကိုယ့်ကိုကိုယ့်အကာအကွယ်အတွက် စစ်ရေးအထောက်အပံ့တွေကို ပေးနေတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Jean March Ayrault က BFM-RMC ရေဒီယိုဌာနကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆီးရီယားအပေါ် ကုလသမဂ္ဂသဘောတူညီချက်မရတဲ့ တဖက်သက် စစ်ရေးအရ ဝင်ရောက် စွက်ဖက်တာမျိုးကိုတော့ ပြင်သစ်က ဆန့်ကျင်တယ်လို့ ဆိုပါတယ်။ အခုလို အကူအညီတွေဟာလည်း သူပုန်တွေဘက်က တောင်းခံလာလို့ တုန့်ပြန်ကူညီတာမျိုးဖြစ်တယ်လို့ Mr.Ayrault က ပြောပါတယ်။
XS
SM
MD
LG