သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်ဖျား ကာကွယ်ဆေးသစ် စမ်းသပ်အောင်မြင်


ခြင်
ခြင်
ငှက်ဖျားရောဂါ စမ်းသပ်စစ်ဆေးမှုတွေမှာ မိမိဆန္ဒအလျှောက်ပါဝင်သူတွေနဲ့ စမ်းသပ်ကြည့်ခဲ့တဲ့ ကာကွယ်ဆေးတမျိုးဟာ အောင်မြင်မှု ရှိတာတွေ့ရတယ်လို့ အမေရိကန်သုတေသီတွေက ပြောပါတယ်။ ဒီ ငှက်ဖျားရောဂါကာကွယ်ဆေး စိတ်ချရတာကို အစမ်းသပ်ခံသူတွေရဲ့ ကိုယ်ခံအားစံနစ်မှာ တုန့်ပြန်တာကိုတွေ့ရှိခဲ့ပြီး ကျန်းမာတဲ့ လူကြီးတွေအတွက် ငှက်ဖျားရောဂါကို ကာကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။

ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုး ကူးစက်တာ ခံရတဲ့ ခြင်ကိုက် လို့ ဖြစ်ရတဲ့ ရောဂါပါ။ အခု ကာကွယ်ဆေးဟာ ဒီရောဂါပိုးကို သူ့ရဲ့ အကောင်ပေါက် ဘဝမှာတင် အားအင်ချိနဲ့အောင်လုပ်နိုင်တာပါ။
နောက်ထပ် ငှက်ဖျားရောဂါပိုး အမျိုးအစားတွေ အတွက် တိုက်ခိုက်ချေဖျက်နိုင် တဲ့ ကာကွယ်ဆေးတွေ ရဖို့ စမ်းသပ်မှုတွေ ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်တဲ့ အပြင် ကာကွယ်ဆေးပေးဖို့ လိုအပ်တဲ့ ဆေးပမာဏနဲ့ ကာကွယ်ဆေး အကျိုးသက်ရောက်စေမယ့် အချိန်အတိုင်းအတာ စတာတွေကိုပါ စမ်းသပ်စစ်ဆေးမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါဟာ အာဖရိကဒေသမှာ နေထိုင်တဲ့ ကလေးငယ်တွေကို သေဆုံးမှု အများဆုံးဖြစ်စေတဲ ရောဂါတခုဖြစ်ပြီး တနှစ်တနှစ်ကို လူပေါင်း ၈ သိန်းလောက် ဟာ ငှက်ဖျားရောဂါနဲ့ သေဆုံးကြရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ အာဖရိကတိုက်က ဆာဟာရအောက်ပိုင်း ဒေသမှာ ရှိတဲ့ ကလေးငယ်တွေဟာ တမိနစ်ကို တယောက်နှုံး ငှက်ဖျားရောဂါနဲ့ သေဆုံးနေတယ်လို့လည်း WHO က ပြောပါတယ်။
XS
SM
MD
LG