သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ကြံစည်မှု သံသယရှိသူ ၁၇ ဦး မလေးရှားဖမ်းဆီး


မလေးရှာနိုင်ငံ၊ မြို့တော် ကွာလာလမ်ပူ
မလေးရှာနိုင်ငံ၊ မြို့တော် ကွာလာလမ်ပူ

ဆီးရီးယားနိုင်ငံက ပြန်လာတာမကြာသေးတဲ့ လူ နှစ်ဦးအပါအဝင် လူပေါင်း ၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

မြို့တော် Kuala Lumpur မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်မှုနဲ့စွပ်စွဲပြီး သူတို့ကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲလုံခြုံရေးအကြီးအကဲ Khalid Abu Bakar က သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီကနေ့ တနင်္လာနေ့မှာ ရေးသားထားပါတယ်။ အပြည့်အစုံကိုဖေါ်ပြမထားပေမယ့် တရားဝင်ကြေညာချက် ကိုတော့ မကြာခင်မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက စွဲချက်မတင်ဘဲ ကာလကြာရှည် ထိန်းသိမ်းထားနိုင်ဖို့နဲ့၊ အကြမ်းဖက်တိုက်ခိုက်မှုကို အားပေးတယ်လို့ သံသယ ရှိသူတွေရဲ့ Passport တွေကို သိမ်းယူခွင့်- စတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဆန့်ကျင့်ရေး ဥပဒေ နှစ်ရပ်ကို ပြီးခဲ့တဲ့အပတ်က ပြဌာန်းခဲ့ပြီးနောက် အခုလို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဒါပေမယ့် ဒီဥပဒေတွေဟာ ၂ဝ၁၂ ခုနှစ်က ရပ်စဲခဲ့တဲ့ အငြင်းပွားစရာဥပဒေကို ပြန်ပြီး အသက်သွင်းတာဖြစ်ပြီး ဒါဟာ နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးရာမှာ အသုံးပြုနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

IS စစ်သွေးကြွတွေကို ထောက်ခံတယ်လို့ စွပ်စွဲခံထားရသူတွေကို လွန်ခဲ့တဲ့နှစ်ဆန်းပိုင်းကတည်းက မလေးရှားအာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းနေခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG