သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွက် မလေးရှားမှာ လုံခြုံရေး တိုးမြှင့်


အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မလေးရှား လုံခြုံရေးတိုးမြှင့်။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မလေးရှား လုံခြုံရေးတိုးမြှင့်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးနဲ့ တခြား ဆက်စပ်အစည်းအဝေးတွေ ကျင်းပမယ့် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့ လုံခြုံရေးအင်အားထပ်ဖြည့်ပြီး ချထားပါတယ်။

ဒီအစည်းအဝေးတွေကို ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့လည်း တက်ရောက်ဖို့ရှိတာပါ။ မြန်မာသမ္မတဦးသိန်းစိန်လည်း အဲဒီ ထိပ်သီး အစည်းအဝေးကို တက်ပါမယ်။

လူပေါင်း ၁၂၉ ယောက် သေဆုံးခဲ့ရတဲ့ ပါရီမြို့တော်တိုက်ခိုက်မှုအပြီး ကျင်းပမယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေးဖြစ်တာ ကြောင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေထဲက ဆွေးနွေးပွဲထဲမှာ အဓိကအကြောင်းအရာ ဖြစ်ပါလိမ့်မယ်။ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု ဆက်ဖြစ်နေတဲ့ကိစ္စကလည်း ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ ပါဝင်တယ်လို့ မလေးရှားဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးရာ အတွင်းဝန်ဟောင်း Oh Ei Sun ကပြောပါတယ်။

အာဆီယံနိုင်ငံတွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်တို့နဲ့ သူတို့အကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် ကြိုးစားနေကြရတာပါ။ ဒီအတောအတွင်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ မလေးရှားတို့အကြား သဘောတူစာချုပ်တခုကို ဒီကနေ့ လက်မှတ် ရေးထိုးကြပါတယ်။

ဒီသဘောတူညီချက်အရ လက်ဗွေမှတ်တမ်းပေါင်း ၁.၂ သန်းအပါအဝင် အကြမ်းဖက်သမားလို့ သိထားသူ၊ သံသယရှိသူတွေနဲ့ဆိုင်တဲ့ အမေရိကန်မှာရှိတဲ့ အချက် အလက်တွေကို မလေးရှားက ရယူနိုင်မယ်လို့ ဒုတိယဝန်ကြီးချုပ် Zahid Hamidi ကပြောပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိသူတွေ မလေးရှားနိုင်ငံကို ကြားခံနေရာတခုအဖြစ် အသုံးပြုဖို့ ဝင်လာတာမျိုးကို တားဆီးနိုင်ဖို့ဖြစ်တယ်လို့ ဒုဝန်ကြီးချုပ်က ပြောပါတယ်။

XS
SM
MD
LG